#LocalNews
Published_30 March 2022

 

ရွှေသံလွင်ကုမ္ပဏီ ဥက္ကဌလည်းဖြစ်၊ Sky Net ရုပ်သံလိုင်း ပိုင်ရှင်လည်းဖြစ်သော ဦးကျော်ဝင်းအား ဖမ်းဆီးထားသည်ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောသည်။

 

"ဦးကျော်ဝင်းကို ဖမ်းတာမဟုတ်ပါဘူး။အဲဒီသတင်းမဟုတ်ဘူးဗျ"ဟု ယင်းကဆိုသည်။

 

သို့သော်လည်း မီဒီယာတစ်ခုတွင် ဦးကျော်ဝင်းအား လွန်ခဲ့သော ၄ ရက်ခန့်ကပင် ဖမ်းဆီးသွားကြောင်း ရေးသားထုတ်ပြန်သည့်အတွက် အဆိုပါ သတင်းကို ပြန်လည်ဝေမျှသူများကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group