Published-14 Jan 2022

မြန်မာနိုင်ငံမှာ  ငြိမ်းချမ်းရေးခြေလှမ်းသစ်အနေနဲ့ ယခုနှစ်အတွင်း အဆင့်တစ်ခုရောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အနည်းဆုံး အပစ်ခတ်ရပ်စဲရေးအဆင့်ထိလုပ်ဆောင်ပေးနိုင်မယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပါတယ်။

 ယခု ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်း​ရေးအတွက် ​ခြေလှမ်းအသစ်​တွေကို စတင်ပြီး ​နောက်ထပ်ခရီးဆက်နိုင်​အောင်​ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဒီကနေ့(​ဇန်နဝါရီ ၁၄)ရက်တွင် ​

နေပြည်​တော်မှာ ပြုလုပ်ခဲ့တဲ့ နစက၏ (၁၁)ကြိမ်​မြောက် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ငြိမ်းချမ်း​ရေးမရှိတဲ့အတွက် ကျ​နော်တို့ရဲ့ ခွန်အား​တွေ စွမ်းအား​တွေ ကျ​နော်တို့ရဲ့ အချိန်​​တွေဟာ ဒီအ​ပေါ်မှာဘဲကုန်ခဲ့ရတယ်။ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်​ရေး အ​ပေါ်မှာ အားစိုက်သင့်သလောက်အားမစိုက်ရဘူး။ ဒါ​ကြောင့်မို့ ငြိမ်းချမ်း​ရေးကို လုပ်​ဆောင်မယ်၊ ၂၀၂၂ မှာ လုပ်​ဆောင်မယ်​ဆိုပြီးပြောတာပါ။ ၂၀၂၂ ဟာတစ်နှစ်ထဲ ဆို​ပေမယ့်​ရောက်နိုင်တဲ့ အဆင့်ထိ​ရောက်​အောင်​ဆောင်ရွက်ပါမယ်။ ​နောက် ငြိမ်းချမ်း​ရေးအတွက် ​ခြေလှမ်းအသစ် နိုင်ငံ​ရေးပါတီ​တွေအ​နေနဲ့ UEC နဲ့ ​တွေ့ဆုံ​နေတာရှိပါတယ်။ ငြိမ်းချမ်း​​ရေးဦး​ဆောင်မှု ညှိနှိုင်းအဖွဲ့တွေ့ဆုံ​နေတာရှိပါတယ်။ ဒီ​တွေမှာ ကျ​နော်တို့ လမ်းဖွင့်​ပေးထားပါတယ်။ ဒါ​တွေက​တော့ ညှိနှိုင်းမှု​ပေါ့​လေ၊ ညှိနှိုင်း​ဆွေး​နွေးရင်းက​နေ ​နောက်ထပ်ခရီးဆက်နိုင်ဖို့​ဆောင်ရွက်ထားတာဖြစ်ပါတယ်။"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ​ပြောကြားခဲ့တာပါ။

ထို့အပြင် ၄င်းက "တွေ့ဆုံးဆွေးနွေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို ဒီနှစ်အတွင်းမှာ အဆင့်တစ်ခုရောက်အောင် အနည်းဆုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်။ ဒါ့အတွက်လည်း ဆောင်ရွက်လျက်ရှိပါတယ်” လို့ သူကဆက်ပြောပါတယ်။

ငြိမ်းချမ်း​ရေးအတွက် လုပ်​ဆောင်ရာမှာလည်း ဘယ်သူ ဘယ်သူ့မှ အပြစ်မတင်ဘဲလုပ်​ဆောင်ဖို့ လိုမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်း​ပြောကြားခဲ့ပါ​သေးတယ်။

"ငြိမ်းချမ်း​ရေးဟာ အဓိက လိုအပ်ချက်ဖြစ်တယ်ဆိုတာ အစိုးရအဆက်ဆက်က ​ဖော်ထုတ်ခဲ့ပါတယ်။ ဒီငြိမ်းချမ်း​ရေး မရှိလို့သာကျ​နော်တို့ တိုင်းပြည်တိုးတက်မှုမရှိတာ​ပေါ့။ သို့​သော်လက်​တွေ့ ဖြစ်နိုင်တဲ့ဟာ လုပ်နိုင်တဲ့ဟာ ​ပြေလည်သွားတယ်ဆိုတာက အားလုံး​ဖြေရှင်း​ပေးနိုင်တယ်ဆိုတာ မရှိတာကို​တွေ့ရပါတယ်။ ဘယ်လိုပဲ​ပြော​ပြော ဒီမိုက​ရေစီ အသွင်ကူး​ပြောင်းကာလမှာ ၂၀၁၅ မှာ NCA လက်မှတ်​ရေးထိုးနိုင်တာဟာ နိုင်ငံတကာအဖွဲ့အစည်း​တွေ အပါအဝင် ​ပေါ့​လေ။ လက်မှတ်​ရေးထိုးနိုင်တာဟာ သမိုင်း​မော်ကွန်းတစ်ရပ်ဖြစ်ပါတယ်။"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီက​​နေ့ သတင်းစာရှင်းလင်းပွဲမှာ ​ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးပါဝင်သော အဓိပ္ပယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့သာဖြေရှင်းနိုင်မယ်လို့တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPSTကလည်း ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်​ကြေငြာထားခဲ့တာဖြစ်ပါတယ်။

 

ymg/kg

#Yangon_Media_Group