#Local_News
Published- 11 Jan 2022
မလေးရှားနိုင်ငံဆိုင်ရာ သံရုံးနဲ့ပတ်သတ်ကြောင်း၊သံရုံးမှဝန်ထမ်းဖြစ်တယ်လို့ဆိုကာ လူမှုကွန်ယက်မှတဆင့် လိမ်လည်နေသူတွေကို မလေးရှားရောက်မြန်မာနိုင်ငံသာတွေသိရှိနိုင်ဖို့
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ကြေညာလျက်ရှိပါတယ်။
ယနေ့ ဇန်နဝါရီလ ၁၁ရက်နေ့မှာလည်း သံရုံးရဲ့ ဖေ့ဘုတ် အကောင့်အတုဖြင့် မလေးရှားနိုင်ငံ ကေအလ်နဲ့ မြန်မာနိုင်ငံ ရန်ကုန် လေယာဉ်လက်မှတ်အရောင်းဌာနအမည်နဲ့ လိမ်လည်နေမှုအပြင်၊ရာမညမြေ မလေးရှားအထွေထွေ အကျိုးဆောင်နဲ့ကိုမင်းမင်းစိုး စတဲ့အမည်တွေနဲ့ လိမ်လည်မှုတွေပြုလုပ်နေတယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်။
သံရုံးရဲ့ထုတ်ပြန်ချက်မှာ လူမှုကွန်ယက်များတွင် မြန်မာသံရုံးနဲ့ပတ်သတ်မှု ရှိနေသည်ဟုဆိုကာ နိုင်ငံကူးလက်မှတ်နဲ့မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဖော်ပြရေးသားထားပါတယ်။
ဆက်လက်၍အဆိုပါ သံရုံးကထုတ်ပြန်ထားတဲ့ အကောင့်ပိုင်ရှင်တွေဟာ Facebook မှတဆင့် နိုင်ငံကူးလက်မှတ်များဆောင်ရွက်ပေးနေကြောင်း ကြေညာထားပြီး၎င်း အကောင့်တွေဟာ မြန်မာ သံရုံးနဲ့ လုံးဝ(လုံးဝ)ပတ်သတ်မှုမရှိကြောင်း၎င်းတို့ကိုစုံစမ်းအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အဆိုပါအကောင့်တွေနဲ့ပတ်သတ်ပြီး ကိစ္စအဝဝကိုမြန်မာသံရုံးက တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group