#LocalNews

Published - 28 Dec 2021

 

အရှင်ပညာသီဟ(ရွှေညဝါဆရာတော်)အား ပုဒ်မ ၅၀၅-(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြာင်း သိရပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် အင်းစိန်ထောင်ရှိ အထူးတရားရုံးက နိုင်ငံ‌တော် အကြည်ညိုပျက်‌စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-(ခ)ဖြင့် ဆရာ တော်အားထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဆရာ တော်၏ အမှုကိစ္စများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအသိုင်းအဝိုင်းမှ သိရပါတယ်။

 

ရွှေညဝါဆရာတော်အား မူလက ပုဒ်မ ၅၀၅- (က)ဖြင့် တရားစွဲဆိုထားသော်လည်း ခုခံချေပမှုအရ အဆိုပါပုဒ်မဖြင့်စွဲဆိုရန်မသင့်ဟုပေါ်ပေါက်ခဲ့သဖြင့် ပုဒ်မ ၅၀၅(ခ)သို့ ပြောင်းလဲတရားစွဲခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

"အားလုံးသိချင်နေကြမယ်ထင်ပါတယ်။ အရှင်ပညာသီဟ(ရွှေညဝါဆရာတော်)အား ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ထောင်ဒဏ်(၂)နှစ် အလုပ်ကြမ်းမပါ ချမှတ်လိုက်ပါတယ်။ ၅၀၅-က ဖြင့်စွဲဆိုထားသောအမှုဖြစ်သော်လည်း ခုခံချေပမှုအရ ၅၀၅-က ဖြင့်စွဲဆိုရန်မသင့်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ သို့သော်တရားလိုတင်ပြသော သက်သေခံများအရ ထင်ရှားသဖြင့် ၅၀၅ (ခ)ဖြင့် အမိန့်ချမှတ်ခြင်းဖြစ်ပါတယ်။"လို့ ရွှေညဝါဆရာတော်၏ ရှေ့နေ ဖြစ်သူက ၄င်း၏ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ အသိ ပေးရေးသားခဲ့တာပါ။

 

ရွှေညဝါဆရာတော်ကြီးသည် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတာပါ။

#Yangon_Media_Group