#LocalNews
Published - 27 Dec 2021
၂၀၂၂ ခုနှစ်အတွက် ရန်ကုန်ပြည့်သူ့ဆေးရုံကြီးမှ လက်ခံကုသပေးမယ့် အထူးကုပြင်ပလူနာဌာနရဲ့ အချိန်စာရင်းကို ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်လိုက်တဲ့ အထူးကုပြင်ပလူနာဌာန အချိန်စာရင်းမှာ တနင်္လာနေ့ နံနက် ၉နာရီမှာ နေ့လည် ၁၂ နာရီအထိ အထွေထွေသမားတော်ဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၁)၊အစာအိမ်နဲ့ အူလမ်းကြောင်းဆေးကုဌာန၊နှလုံးဆေးကုဌာန၊သွေးရောဂါကုဌာနများ ဖွင့်လှစ်လက်ခံကုသပေးမည်ဖြစ်ကာ မွန်းလွဲ ၁ နာရီမှ၃ နာရီအထိ နှလုံးနဲ့သွေးကြောခွဲစိတ်ကုဌာန ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။အင်္ဂါနေ့တွင်လည်း နံနက်ပိုင်းတွင် ဦးနှောက်နဲ့အာရုံကြော ဆေးကုဌာန၊နှလုံးခုန်နှုန်းဆိုင်ရာရောဂါများ ဆေးကုဌာန၊မျက်နှာ မေးရိုးခွဲစိတ်ကုဌာနတို့ လက်ခံကုသပေးမယ်လို့ သိရပါတယ်။
ဒါ့အပြင် အပတ်စဥ်ဗုဒ္ဓဟူးနေ့တွင်လည်း နံနက်ပိုင်း ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ အထွေထွေသမားတော်ဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၃)၊ဟော်မုန်းရောဂါကုဌာနနဲ့ ထိခိုက်ဒဏ်ရာနဲ့အရိုးအထူးကုဌာနတို့ လက်ခံကုသပေးမည်ဖြစ်ကာ မွန်းလွဲပိုင်းတွင် နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနကလက်ခံကုသပေးမယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကြာသာပတေးနေ့ နံနက်ပိုင်းတွင် နှလုံးဆေးကုဌာန၊သွေးရောဂါကုဌာန၊ဦးနှောက်နှင့်အာရုံကြော ဆေးကုဌာန၊ဆီးချိုသွေးချိုဆေးကုသမှုဌာနနဲ့ မျက်နှာမေးရိုးခွဲစိတ်ကုဌာနကို ဖွင့်လှစ်လက်ခံကုသပေးမယ်လို့ သိရပါတယ်။
သောကြာနေ့နံနက်ပိုင်းတွင်နှလုံးဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၂)၊အထွေထွေသမားတော်ဆေးကုဌာနနဲ့ ထိခိုက်ဒဏ်ရာနဲ့ အရိုးအထူးကုဌာနတို့ ဖွင့်လှစ်လက်ခံကုသမှာဖြစ်ပြီး လာရောက်ပြသကုသသူတွေအနေနဲ့ လွဲစာလိုအပ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group