#LocalNews
Published - 25 Dec 2021


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လေသေနတ်(၁)လက် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီ၃၀ မိနစ်အချိန် ကျောက်ပန်းတောင်းမြို့ မရဲစခန်းမှ တပ်ဖွဲ့ ၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့  သည် သတင်းအရ သက်သေများနှင့်အတူ ကျောက်ပန်းတောင်းမြို့ ၊ သာယာအေးရပ်ကွက်၊ နယ်မြေ(၈)နေ မြင့်စန်း ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မခင်သန္တာ ၊ ဟံမင်းထွန်း(ခ)တီးလုံး တို့ အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၀၄ သိန်း)၊ လေသေနတ်(၁)လက်၊ မြန်မာငွေ ၂၀၂၅၀ ကျပ် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့ က ကျောက်ပန်းတောင်းမြို့၊ မြို့မကွက်သစ်ရပ်ကွက်နေ ဒေါ်ညွှန့်ညွှန့် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် တွေ့ရှိပြီး နေအိမ်ခြံ၀င်းအတွင်း ရပ်ထားသော TOYOTA WISH အမျိုးအစား မော်တော်ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈၆ သိန်း)၊ မြန်မာငွေကျပ် ၉.၈၉ သိန်း နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုမှ မြင့်စန်း(၅၆)နှစ်၊ မခင်သန္တာ(၃၉)နှစ်၊ ဟံမင်းထွန်း(ခ)တီးလုံး(၄၃)နှစ် နှင့် ဒေါ်ညွှန့်ညွှန့်(၄၇)နှစ်တိုအား ကျောက်ပန်းတောင်းမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ တယ်လို့ သိရပါတယ်။
#YangonMediaGroup