#LocalNews

Published - 24 Dec 2021

 

ဂွန်ဒေါင်း( ထော်လာဂျီ)နှင့် အိမ်စီးယာဥ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည့်ဖြစ်စဥ်တစ်ခု ဒီကနေ့နံနက်ပိုင်းအချိန်က ကျုံပျော်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဥ်ကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဥ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းအချိန်က ကျုံပျော်မြို့နယ်၊ ကျုံပျော်-ဟသ်ာတလမ်း၊ မြို့ နှင့်(၃)မိုင်ခန့်အကွာ ငါးပုပ်လျှိုတံတားအလွန်တွင် အိမ်စီးကားတစ်စီးနှင့် ဂွန်ဒေါင်း(ထော်လာဂျီ)ယာဥ်တို့ တိုက်မိမှုဖြစ်ပွားခဲ့တာပါ။

 

"သူကမျက်နှာချင်းဆိုင်တိုက်ကြတာပေါ့။ ထော်လာဂျီယာဥ်က အောက်ကဂျွိုင်းဆက်ပြုတ်ပြီးတော့ တိုက်မိတယ်လိုတော့ကြားပါတယ်။ ထော်လာဂျီယာဥ်မောင်းက ခြေထောက်မှာပြင်းထန်ဒဏ်ရာရတယ်။ အိမ်စီးကားက သူကလေအိတ်ပွင့်တော့ ထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ပါဘူး။ ထိခိုက်ဒဏ်ရာရသူတစ်ဦးကိုတော့ အနီးအနားရွာက လူမှုရေးယာဥ်နဲ့ပဲ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။"လို့ နာရေးကူညီမှုအသင်း (ကျုံပျော်)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်မှ ခြေထောက်ပြင်းထန်ဒဏ်ရာရလူနာအား အနီးရှိကျေးရွာမှ လူနာတင်ယာဉ်ဖြင့် ကျုံပျော်ဆေးရုံသို့ တင်ပို့ခဲ့ပြီး လမ်းပိတ်ဆို့မှုများအား သက်ဆိုင်ရာသို့အကြောင်းကြား၍ ကူညီရှင်းလင်းပေးခဲ့တယ်လို့လည်း ဒေသခံလူမှုရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။

#Yangon_Media_Group