#LocalNews

Published - 24 Dec 2021

 

တောင်ညိုလမ်းဘေးရှိ လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်စဥ်တစ်ခု ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၈ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တောင်ပန်းဆွဲကျေးရွာအုပ်စု၊ တောင်ဖလံကုန်းကျေးရွာ၊ တောင်ညိုလမ်းဘေးရှိ လူနေအိမ်တစ်ခုပေါ်သို့ သစ်ပင်ကြီးတစ်ပင်လဲကျမှု ဖြစ်ပွားခဲ့တာပါ။

 

အဆိုပါ သစ်ပင်လဲကျမှုဖြစ်ပွားရာသို့ သာယာဝတီမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Photo - MFSD

#Yangon_Media_Group