#LocalNews

Published - 21 Dec 2021

 

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်ပါက အခြားဓာတ်အားလိုင်းတစ်လိုင်းမှပေးပို့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို လျော့နည်းသွားစေ့ဖို ၂၃၀ ကေဗွီ ပင်မဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတစ်ခုကို တည်ဆောက်ဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။

 

အကောင်အထည်ဖော်တည်ဆောက်မယ့် ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း ၅ ဒသမ ၃ မိုင်နဲ့ ၂၃၀/၆၆/၁၁ ကေဗွီ သီတာပင်မဓာတ်အားခွဲရုံဟာ ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် (သန်လျှက်စွမ်း)မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝန်ကြီး ဦးအောင်သန်းဦး တတ်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းအတွင်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကနေ အဆိုပါ တည်ဆောက်မှုကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်မှာ စတင်မယ်လို့ သိရတာ ဖြစ်ပါတယ်။

 

ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံပြီးစီးပါက ရန်ကုန်မြို့ရဲ့ နှစ်စဉ်တိုးတက်သုံးစွဲလာသော ဝန်အားတွေကို ဖြည့်ဆည်းပေးနိုင်မယ့်အပြင် ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ပါက အခြားဓာတ်အားလိုင်း တစ်လိုင်းမှပေးပို့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို လျော့နည်းသွားစေဖို့ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

 

မြန်မာနိုင်ငံအတွင်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းလျှပ်စစ်အသုံးပြုနိုင်ဖို့ နှစ်ရှည်စီမံကိန်းနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။

#Yangon_Media_Group