#LocalNews

Published - 21 Dec 2021

 

တောင်တန်းဒေသများသို့ အနွေးထည်များ ဝေဠုကျော်ဖောင်ဒေးရှင်းက ပေးပို့လှူဒါန်းခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်းမှ သိရပါတယ်။

 

အအေးပိုလှသည့် ယခုနှစ်ဆောင်းရာသီမှာ နွေးထွေးစေဖို့ ကလေးအနွေးထည်အထူအသစ်များကိုကချင်ပြည်နယ်၊ ပူတာအိုမြို့ ရှိ ကျေးရွာများသို့ အထည် ၄၅၀ ၊ ရှမ်းအရှေ့ရွာတွေအတွက် အထည် ၄၀၀ ၊ နာဂရွာတွေအတွက် အထည် ၂၀၀ ချင်းပြည်နယ် မင်းတပ်ရွာအတွက် အထည် ၈၀ တို့ကို အလှူရှင်များကိုယ်စား ပေးပို့လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယခုလှူဒါန်းသည့် အနွေးထည်များတွင် ကလေးအနွေးထည်အသစ် ၁,၁၃၀ ထည်လည်း ပါဝင်ကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

#Yagon_Media_Group