#LocalNews

Published - 21 Dec 2021

 

လူတစ်ဦးလျှင်ငွေ ၁,၈၀၀ ကျပ်တည်းဖြင့် စီးနင်းနိုင်မည့် ရခိုင်ပြည်နယ် ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝ ရေကြောင်းခရီးစဉ် ဒီဇင်ဘာလ ၂၃ ရက်တွင် စတင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

 

အဆိုပါ ကျောက်တော်-ပလက်ဝရေကြောင်းခရီးစဉ်ကို အစိုးရပိုင်ဇက်ရေယာဉ်ဖြင့် တစ်ပတ်လျှင် သောကြာနေ့တစ်ရက် စမ်းသပ်ပြေးဆွဲမည်ဖြစ်ပြီး စီးနင်းသူများလာပါက ရက်ထပ်တိုးမည်ဖြစ်ကြောင်း ၊ ရေနယား(၁)နှင့် ရေနယား(၂) ဟူ၍ ဇက်ရေယာဉ် နှစ်စီးရှိသည့်အနက် ကျောက်တော်-ပလက်ဝခရီးစဉ်အတွက် ရေနယား(၁)ဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

"အခုက လူတစ်ယောက်ကို ၁,၈၀၀ ပဲ ကျမယ် ။ တကယ်တမ်းဆိုရင် ပလက်ဝကနေ ကျောက်တော်ကိုလာရင်ပဲဖြစ်ဖြစ် ကျောက်တော်ကနေ ပလက်ဝကို သွားရင်ပဲဖြစ်ဖြစ် လူတစ်ယောက်ကို သောင်းဂဏန်းကုန်တယ်၊အခုတော့ ကုန်ကျစရိတ်သက်သာအောင် လုပ်ပေးတဲ့သဘောပါ။လူတွေစီးတာများလာရင် ရက်တိုးပေးမယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းနေထိုင်ကြသည့် ဒေသခံများအနေဖြင့် ဆန်၊ ဆီ၊ ဆား အပါအဝင် အိမ်သုံးပစ္စည်း အမျိုးမျိုးကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် အဓိကထား၍ လာရောက်ဝယ်ယူကြရခြင်းဖြစ်ကြောင်း သိရသည်။

#Yangon_Media_Group