#LocalNews

Published - 20 Dec 2021

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရက်ကွက်မှာနေထိုင်တဲ့ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးမှာ ယနေ့နံနက်ပိုင်းတွင် နေအိမ်မှ ဈေးသို့ ဆိုက်ကားနဲ့အသွားလမ်းတွင်သေနတ်နဲ့ ၉ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းအရသိရပါတယ်။

 ပစ်ခတ်လုပ်ကြံခံရမှုမှာ ယနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သုနန္ဒာ(၅)လမ်း တွင် စျေးသို့ဆိုက်ကားနဲ့သွားနေသော အငြိမ်းစားကျောင်းအုပ်ဆရာမကြီးကို ဆိုင်ကယ်စီးနှင်းလာသော လူ၂ဦးအနက်သေနတ်သမားက သေနတ်နဲ့ ၉ချက်ပစ်ခတ်လုပ်ကြံခဲ့တာလို့သိရပါတယ်။
 
“ဖြစ်စဥ်မှန်ပါတယ် ၉ချက်ပစ်ခတ်သွားပါတယ် ဆေးရုံအရောက်မှာကွယ်လွန်သွားပါတယ်"လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဖြစ်စဥ်ဖြစ်ပွားရာနေရာကိုလုံခြုံရေးတပ်ဖွဲ့ ကစစ်ဆေးလျက် ရှိနေကြောင်းသိရှိရပါတယ်။

#YangonMediaGroup