#LocalNews

Published - 16 Dec 2021

 

လေးကေ့ကော်မြို့နယ်တွင်းကတိုက်ပွဲတွေကြောင့် ပြည်သူများရဲ့နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိကာ လေးကေ့ကော်မြို့နေ ပြည်သူများ (၃,၀၀၀)ဝန်းကျင်ခန့် စစ်ဘေးရှောင်နေရတယ်လို့ ဒူးပလာခရိုင်သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

 

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့တွင် KNLA- တပ်မဟာ (၆)၊ တပ်ရင်း (၂၇)၊ ပူးပေါင်းတပ်ဖွဲ့ များနဲ့ တပ်မတော်တို့အကြား ယနေ့မနက်ပိုင်း (၁၀)နာရီ ဝန်းကျင်အချိန်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလျှက်ရှိနေတာကို မြေပြင်သတင်းပေးပို့အရ သိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

"ယနေ့မနက်ပိုင်းတွင်လည်း တိုက်ပွဲက ထပ်မံဖြစ်ပွားတယ်၊ လေးကေ့ကော်မြို့တွင်း တစ်နေရာ၊ ပဟိကလောင်းတွင် တစ်နေရာ နှစ်နေရာဖြစ်တယ်ပေါ့။ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ကြတယ်။ ယခုအချိန်ထိ ပစ်နေကြတယ်၊ " လို့ ဒေသခံတစ်ဦးကပြောပါတယ်။

#Yangon_Media_Group