Published 14 December 2021

 တရုတ်-မြန်မာနယ်စပ်ဒေသများတွင် ယွမ်ငွေနှင့်ကျပ်ငွေဖြင့် တိုက်ရိုက်အသုံးပြုပေးချေသောစနစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမိန့်အမှတ် ၄၈/၂၀၂၁ ကို ယနေ့ဒီဇင်ဘာ ၁၄ရက်ရက်စွဲဖြင့် ဆောင်ရွက်ခွင့်ပြုလိုက်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုကို တိုးမြှင့်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေစေနိုင်ရန်၊နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့်  ASEAN Financial Integration ၏ရည်ရွယ်ချက်များ နှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်အတွက် ယခုလို ယွမ်ငွေနှင့်ကျပ်ငွေများဖြင့် တိုက်ရိုက်ပေးချေသောစနစ်ကို ဆောင်ရွက်ခွင့် ပြုလိုက်တာလို့ အမိန့်ထုတ်ပြန်ချက်အရသိရပါတယ်။

အဲသလိုခွင့်ပြုရာမှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှု ဆောင်ရွက်ခွင့်ရတဲ့ ဘဏ်တွေအနေနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မယ့် သွင်းကုန်တင်သွင်းသူတွေနှင့် ပို့ကုန်တင်ပို့သူတွေရဲ့ ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုလိုက်ပြီး လုပ်ငန်းဆောင်ရွက်ကြရာမှာယွမ်/ကျပ်တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ဖို့လည်း အမိန့်မှာဖော်ပြပါရှိပါတယ်။