#LocalPolitics

Published - 13 Dec 2021

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် ရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ၁၃ချက်ပစ်ခတ်ခံရကာ ဆေးရုံပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့သတင်းအရ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀နာရီကျော်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ်၃၁ရပ်ကွက် လှိုင်ရတနာလမ်း အမှတ်၉၉၄နေ ဦးတင်လှ ရာအိမ်မှူး ၅၃နှစ် ဘဦးတင်လှိုင် သည် နေအိမ်ရှေ့ကွက်ပြစ်တွင်ထိုင်နေစဉ် စိစစ်ဆဲဆိုင်ကယ်တစ်စီးတွင် လူ၃ဦးလိုက်ပါလျက် ဆိုင်ကယ်နောက်လိုက်ပါ သူမှ ဆိုင်ကယ်ပေါ်မှဆင်း၍ သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဦးတင်လှတွင်ဝမ်ဗိုက် တင်ပါးဆုံနှင့် ဝဲဘက်လက်ခလယ် လက်သူကြွယ်တို့တွင် စိုးရိမ်ရဒဏ်ရာများရရှိပြီး ဆေးရုံသို့ပို့ဆောင်ကုသစဉ် သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့အဆင့်မြင့်အရာရှိကြီးတစ်ဦးက Yangon Times ကို အတည်ပြုပြောကြားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီး အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက လာရောက်စစ်ဆေးရာ 9MM ကျဉ်ခွံ ၁၂ခုတွေ့ရှိပြီး ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။