Published 13 December 2021

ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာ သေနတ်ဖြင့် ပစ်ခတ်ခံရမှုတွေဖြစ်ပွားခဲ့ပြီး ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ပြည်သူတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံ သူနာပြုဆရာမနှင့် ၎င်း၏ အမျိုးသားတို့ကို လုပ်ကြံခဲ့သူတွေကို တစ်ဦးအရှင်မိပြီး ၈ ဦးကို ပစ်ခတ်မှုတွေဖြစ်ပွားပြီး အသေဖမ်းဆီးရမိခဲ့တယ်လို့ နစကက ယနေ့ ဒီဇင်ဘာ ၁၃ရက် နံနက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

 

မန္တလေးမြို့မှာ အထက်ပါ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေဖြစ်ပွားပြီးတဲ့နောက် ကျူးလွန်သူများဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာဒီဇင်ဘာလ ၁၂ရက်နေ့ ညနေ၆နာရီ ခွဲခန့်က ချမ်းမြသာစည်မြို့နယ် ၅၅လမ်းနဲ့ ၁၁၄လမ်းကြားတွင်ဖြစ်စဥ်တွင်ပါဝင်ခဲ့ သူတစ်ဦးကိုဖမ်းဆီးရမိခဲ့ပြီး ထိုသူ၏ ထွက်ဆိုချက်အရ  နောက်ဆက်တွဲအဖြစ်မဟာအောင်မြေ မြို့နယ်၊ သံလျှပ်မှော်အနောက်ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ နေအိမ်တစ်အိမ်ကို သွား ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

 

 အဆိုပါ နေအိမ်တွင် လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး  ၇ ဦး အသေဖမ်းဆီးခဲ့ရာမှာ ထိူသူတို့နှင့်အတူ ပစ္စတို၊လက်လုပ်မိုင်းအပါအဝင်ဖောက်ခွဲပစ္စည်းရေးဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးထပ်မံထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၁၁၇လမ်း၅၁လမ်းနဲ့၅၂လမ်းကြား ရှိနေအိမ်တစ်လုံးကို ည၁၁နာရီခန့်လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး နောက်ထပ်တစ်ဦးကို  အသေဖမ်းဆီးခံရမိတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ချက်မှာ မပါရှိသေးဘဲရှိပါတယ်။