Published 12 December 2021

ဒီဇင်ဘာ ၁၁ရက်စနေနေ့ညည့်နက်ပိုင်းက နယ်စပ်ကိုဖြတ်ကျော်ပြီး ဆိုင်ယောက်ခရိုင်ထဲ တရားမဝင် ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ၅၇ဦးကို အစိုးရရဲ့ ပတ္တရောင်လုံခြုံရေးအဖွဲ့က တွေ့ရှိဖမ်းဆီးရမိလိုက်တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။

စနေနေ့ည ၁၁နာရီခန့်မှာ Ranger Company 1404မှ တပ်ဖွဲ့ နှင့် Border Patrol Company 136မှ ရဲတပ်ဖွဲ့ပူးပေါင်း ပတ္တရောင်အဖွဲ့ဟာ ဆိုင်ယောက်ခရိုင်က ဖူးဖရား သို့မဟုတ် ရွာအမှတ်(၄)အနီး တောအုပ်တစ်အုပ်ထဲ ဖြတ်ကျော်လာတဲ့ တရားမဝင် ဝင်ရောက်လာသူတွေကိုတွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံအတွင်းထဲ ဝင်ရောက်ဖို့ ကားကိုစောင့်ဆိုင်း နေကြတုန်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

သူတို့အဖွဲ့မှာ အမျိုးသား ၃၀ဦးနှင့် အမျိုးသမီး၂၇ဦးတို့ပါဝင်ကြပြီး မော်လမြိုင်၊ရန်ကုန်၊ထားဝယ်နှင့် ရခိုင်ပြည်နယ်တို့က ဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ဟာ စနေနေ့ညစောစောပိုင်းမှာ သဘာဝအလျောက်ဖြတ်သန်းလို့ရတဲ့ နယ်စပ်နေရာ ကေန ဆိုင်ယောက်ခရိုင်ထဲ ဝင်ရောက်လာကြတာပါ။

သူတို့ဟာ ဘန်ကောက်၊ကချနာဘူရီ၊ပက်သမ်သနီနှင့် ဆမွတ်ဆခွန်တို့မှာအလုပ်ရကြဖို့ တစ်ဦးကို ဘတ်ငွေတစ်သောင်းရှစ်ထောင်ကနေ နှစ်သောင်းခွဲအထိပေးခဲ့ကြရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source Bangkok Post