#LocalNews

Published - 12 Dec 2021

 

လူမှုကွန်ယက်သတင်းစာမျက်မှာအချို့တွင် လုံခြုံရေးတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် သူနာပြုဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ သေဆုံးသွားသည်ဟူသော သတင်းအပေါ် နစကက ငြင်းဆိုလိုက်ပြီး ဆိုင်ကယ်စီးသေနတ်သမား ၂ ဦး၏ ပစ်ခတ်မှုသာဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

သတင်းထုတ်ပြန်ရာတွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်က ကိုအာကာဖြိုးမှာ ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းအား ၅၉×၁၀၇လမ်းထောင့်ရှိနေအိမ်မှ ဆိုင်ကယ်ဖြင့် City Hospital ဆေးရုံသို့ လိုက်လံပို့ဆောင်ရာတွင် ၆၄လမ်း ၁၀၄×၁၀၅ ကြားအရောက် လက်နက်ကိုင်လူ ၂ ဦးက ၆၂လမ်းအတိုင်း တောင်မှမြောက်သို့ ဆိုင်ကယ်မောင်းနှင်လိုက်ပါလာပြီး ပစ္စတိုအမျိုးအစားနှင့် ၃ ချက်ပစ်ခတ်ကာ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

 

အဆိုပါအခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ လက်နက်ကိုင်များရဲ့ပစ်ခတ်မှုကြောင့် သူနာပြုဆရာမဒေါ်ချမ်းမြငြိမ်းနှင့် ခင်ပွန်းဖြစ်သူ ကိုအာကာဖြိုးတို့မှာ
သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး အခင်းဖြစ်နေရာတွင် USA 9MM Luger ကျည်ခွံ ၂ ခုအားတွေ့ရှိသိမ်းဆည်းရတယ်လို့ ဖော်ပြထားပါတယ်။

#Yangon_Media_Group