#LocalNews

Published - 12 Dec 2021

 

ဧရာဝတီတိုင်းဒေသကြီး မတ်ပဲစျေးနှုန်းမှာ ယခင်သီတင်းပတ်ကာလအထိ တစ်တင်းလျှင် ကျပ် ၄၆,၀၀၀ ဝန်းကျင်တွင် ရပ်တည်နေခဲ့ပြီး ယခုသီတင်းပတ်တွင်မူ ကျပ် ၄၅,၀၀၀ အောက်ကျဆင်းသွားသလို ယခင်မတ်ပဲလက်ကျန်ဟောင်း နည်းပါးနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင်စိုက်ပျိုးတဲ့ မတ်ပဲအသစ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသထွက် ကန်သင်းပဲများ စျေးကွက်အတွင်းဝင်ရောက်လာကာ မတ်ပဲစျေးဆက်လက်ကျဆင်းနေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနက သိရပါတယ်။

 

တစ်ပတ်အတွင်း မတ်ပဲစျေးနှုန်းများမှာ ဒီဇင်ဘာလ ၂-၃ ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၄၆,၂၀၀၊ ၄ ရက်နေ့တွင် ကျပ် ၄၅,၇၀၀၊ ၅ ရက်နေ့တွင် ကျပ် ၄၅,၅၀၀၊ ၆ ရက်နေ့တွင် ကျပ် ၄၅,၈၀၀ ဖြစ်ပြီး ၈ ရက်နေ့တွင် ကျပ် ၄၄,၄၀၀ သို့ ကျဆင်းသွားကာ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျပ် ၄၅,၉၀၀ သို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

 

မတ်ပဲအသစ်များ စျေးကွက်အတွင်း စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး ဇန်နဝါရီလတွင် မတ်ပဲအသစ်များ ထွက်ရှိလာမည်ဖြစ်သဖြင့် မတ်ပဲစျေးနှုန်းသည် အကျဘက်သို့ ဦးတည်နေမယ်လို့ သိရပါတယ်။

 

မတ်ပဲစျေးနှုန်းသည်လည်း မြန်မာငွေကြေးစျေးနှုန်းအလိုက်သာ လိုက်ပါမြင့်တက်လာပြီး မူရင်းတန်ဖိုးအရ မြင့်တက်လာခြင်းမဟုတ်ကြောင်း တွေ့ရှိရပြီး အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းမတ်ပဲ FAQ/SQ စျေးနှုန်းများမှာလည်း ယခုသီတင်းပတ်အတွင်း တစ်ကွမ်တယ်လျှင် ရူပီး ၁၀၀-၂၀၀ ဝန်းကျင် ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။

 

လက်ရှိမတ်ပဲဟောင်း FAQ ၏ FOB စျေးနှုန်းသည် $765-785 နှင့် မတ်ပဲအသစ် FAQသည် $ 780-800 ဖြစ်ပြီး ဒီဇင်ဘာလအတွင်း မတ်ပဲသင်္ဘောတင် မရှိသေးကြောင်း သိရှိရပါတယ်။

#Yangon_Media_Group