#LocalNews

Published - 12 Dec 2021

 

မဲ့ဆောက် မြဝတီ အမှတ် ၂ တံတား မဲ့ဆောက်ဘက်ခြမ်းတွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် passport စာအုပ်ထုတ်ပေးမည့်ရုံး အဆောက်ဦးသစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖွင့်ပွဲကို ဒီဇင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်း မြန်မာ နယ်စပ် မဲ့ဆောက် တတ်ခရိုင် အမြဲတမ်းအတွင်းဝန် သဘာပတိအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

"သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲ့ဆောက် မြဝတီ အမှတ် ၂ တံတားက တစ်ဆင့် နယ်စပ်ဖြတ်သန်းသွားလာရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောဖြစ်ပါတယ်။စီးပွားရေးကိစ္စနဲ့ သွားမယ့် ကုန်သည်တွေ၊ ခရီးသွားတွေ အဆင်ပြေစေအောင်ပေါ့။ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်သွားလာတဲ့အခါ အချိန်ရော လုပ်ထုံးလုပ်နည်းတွေရော သက်သာစေဖို့အတွက် အီလက်ထရောနစ်စနစ် နည်းပညာနဲ့ ဝက်ဆိုက်ကနေ နယ်စပ်ဖြတ်ကျော်ဖို့ လျှောက်ထားတာ ဒါမှမဟုတ်လက်ကိုင်မိုဘိုင်းဖုန်းကနေ QR Code ဖတ်ပြီး ဆောင်ရွက်တာတွေ လုပ်နိုင်မှာပါ"ဟု နယ်စပ်ဖြတ်ကျော် passport စာအုပ်ထုတ်ပေးသည့်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

လာမည့် ၂၀၂၂ ခုနှစ်တွင် အစိုးရဌာနများ ပြုပြင်ပြောင်းလဲခြင်း နည်းပညာများ ကြိုတင်ပြင်ဆင်နေကြကြောင်းလည်း သိရသည်။မဲ့ဆောက် မြဝတီ ထိုင်း မြန်မာ နယ်စပ် အမှတ် ၁ တံတား နှင့် အမှတ် ၂ တံတားများမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် တံတားများ ဖြစ်ကြသည်။

#Yangon_Media_Group