#LocalNews

Published - 12 Dec 2021

 

ဆေးသုတေသနမှ ကိုဗစ်မျိုးရိုးဗီဇစစ်ဆေးချက်အရ မြန်မာနိုင်ငံတွင် Omicron မတွေ့ ရှိရသေးဘဲ ဒယ်လ်တာ(Delta)ပိုးကိုသာတွေ့ ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

 

ကမ္ဘာ့နိုင်ငံများတွင် Omicron ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့အထိ သတင်းထုတ်ပြန်ချက်များအရ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန် (Omicron)ကို ကမ္ဘာ့နိုင်ငံ (၆၃)နိုင်ငံတွင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

 

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း (Genome Sequencing)ကို နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူများနှင့် အခြားဦးစားပေးအုပ်စုများရှိ ရောဂါပိုးတွေ့ ရှိသူများတွင် ဆောင်ရွက်လျက်ရှိပြီး (၆-၁၂-၂၀၂၁)ရက်နေ့တွင် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ နေပြည်တော်၊ ရန်ကုန်မြို့တို့မှ ဓါတ်ခွဲနမူနာ (၁၆)ခုကို တပ်မတော်ဆေးသုတေသနတပ်တွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta)ပိုးတွေ့ ရှိသူ (၁၆)ဦးကိုသာ တွေ့ ရှိရပြီး အိုမီခရွန် (Omicron)ပိုး ယနေ့အထိ မတွေ့ ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

 

အဆိုပါ ဒယ်လ်တာ(Delta)ပိုးတွေ့ ရှိသူများတွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၄)ဦး၊
လာအိုနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၂)ဦး၊ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂) ဦးတို့ ပါဝင်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် ဓါတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထိုင်းနိုင်ငံ၊ ရည်ညွှန်း ဓါတ်ခွဲခန်းသို့ လည်း ပေးပိုထားရှိပြီးစစ်ဆေးလျှက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန နှင့် တပ်မတော်ဆေးသုသေတနတပ်တို့သည် “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း” အား အချိန်နှင့်တစ်ပြေးညီ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်လျှက်ရှိတယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

#Yangon_Media_Group