#LocalNews

Published - 12 Dec 2021

 

ရန်ကုန် - ပြည် အမြန်ရထားကို မနက်ဖြန် (ဒီဇင်ဘာ ၁၃) ရက်နေ့မှစတင်ပြီး ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

အဆိုပါ ရန်ကုန် - ပြည် အမြန်ရထားသည် ရန်ကုန်မှ ပြည်သို့ နေ့လည် ၁၁ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ပြည်မှ ရန်ကုန်သို့ ည ၉ နာရီခွဲတွင် ထွက်ခွာကာ ခုတ်မောင်းချိန်အားဖြင့် ၈ နာရီခွဲ ကြာမြှင့်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းခရီးစဥ်အတွက် လက်မှတ်ခနှုန်းထားအနေနဲ့ ရိုးရိုးတန်း - ၁,၉၅၀ ကျပ်နှင့် အထက်တန်း - ၃,၉၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် ယခင်ပြေးဆွဲပေးနေသည့် နံနက် ၆ နာရီ ထွက်ခွာသည့် ရန်ကုန်-ပြည် ရထားကိုလည်း ဆက်လက်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယခုအချိန်ဟာ ကားခတွေ စျေးအဆမတန် မြင့်တက်နေတဲ့အချိန်ဖြစ်လို့ ခရီးသွားအခြေခံလူတန်းစား မိဘပြည်သူများ ခရီးစရိတ် သက်သာစေရန် ယခုလို ပြေးဆွဲပေးခြင်းဖြစ်ပြီး အခြားလမ်းပိုင်းရှိရထားများ ဆက်လက်ထွက်နိူင်ရန်အတွက် မီးရထားဌာနမှ အစွမ်းကုန်ကြိုးပမ်းလျက်ရှိတယ်လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာ့မီးရထား။

#Yangon_Media_Group