#LocalNews

Published - 12 Dec 2021

 

အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍအနေနဲ့ အရွယ်ရောက်ပြီးသူ ဦးရေ ၁၆ ဒသမ ၀၆ ရာခိုင်နှုန်းကို ငွေကြေးဝန်ဆောင်မှု ပေးနိုင်ခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

 

နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ အသေးစားငွေရေးကြေးရေးကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ယခုအချိန်အထိ မတည်ငွေရင်း ငွေကျပ် ၈၂၂ ဒသမ ၇၉၆ ဘီလီယံ၊ ထုတ်ချေးငွေ လက်ကျန် ၂,၄၃၃ ဒသမ ၇၉၃ ဘီလီယံနဲ့ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၅၉ မြို့နယ်၊ ကျေးရွာပေါင်း ၂၇,၂၃၆ ရွာရှိ အသင်းဝင်ဦးရေ ၅ ဒသမ ၅၀၈ သန်းကို ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ဒ့ါအပြင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ INGO ၂ ဖွဲ့၊ NGO ၆ ဖွဲ့၊ ပြည်ပကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်း ကုမ္ပဏီ ၁၁၇ ခု၊ အစုစပ်ကုမ္ပဏီ ၈ ခု၊ စုစုပေါင်း ၁၈၆ ဖွဲ့တို့ကို ခွင့်ပြုခဲ့ပါတယ်။

 

အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ကျေးလက်နဲ့ မြို့ပြနေ ဝင်ငွေနည်းပြည်သူတွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် ငွေရေးကြေးရေးဝန်ဆောင်မှုပေးခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group