Published: 12 December 2021
၂၀၂၁အာဆီယံဆူဇူကီးဖလားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့တတိယပွဲစဥ်အဖြစ်ဒီဇင်ဘာလ၁၁ရက်နေ့ညပိုင်းမြန်မာစံတော်ချိန်ည၇နာရီကစတင်ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ထိုင်းအသင်းကို ၄ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့ လူစုံထုတ်ပွဲထွက်လာနိုင်ခဲ့သော်လည်း ထိုင်းအသင်းရဲ့တိုက်စစ်ဖိအားပေးမှုကိုခံခဲ့ရပြီး ပထမပိုင်းမှာတင် ထိုင်းအသင်းက တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာမြန်မာအသင်းအနေနဲ့ဒုတိယပိုင်းမှာကစားအားမြှင်တင်ရန်ကြိုးစားကစားခဲ့သော်လည်း ထိုင်းအသင်းရဲ့ဖိအားပေးမှုတွေကိုခံခဲ့ပြီးဒုတိယပိုင်းမှာဂိုးတွေဆက်လက်ခွင့်ပြုခဲ့ရပြီး ၄ဂိုးအထိ ထိုင်းအသင်းကိုခွင့်ပြုခဲ့ရပါတယ်။
မြန်မာအသင်းမှာအုပ်စုပွဲစဉ် (၃)ပွဲကစားပြီးချိန်တွင် အရှေ့တီမောအသင်းအားအနိုင်ရပြီး စင်ကာပူနဲ့ ထိုင်းတို့အားရှုံးနိမ့်ကာ ရမှတ် (၃)မှတ်ရရှိထားပါတယ
မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ ပြည့်ဖြိုးအောင်၊ စိုးအာကာ၊ နောက်- အောင်နိုင်ဝင်း၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ လယ်- လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ မောင်မောင်ဝင်း၊ ရှေ့- သန်းပိုင်၊ ဆွမ်လမန်၊ ကောင်းထက်စိုး တို့ပါဝင်ပြီး မြန်မာအသင်းမှာ အုပ်စု(က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းများနဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။