#LocalNews

Published - 12 Dec 2021

 

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်လေဆိပ်ကို ဒီဇင်ဘာလ (၁၃) ရက်ကစ၍ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊လေကြောင်းပို့ဆောင်ရေးဦးစီးဌာန တာဝန်ရှိသူက ရန်ကုန်တိုင်းမ်ကို ပြောသည်။

 

"ဒီနေ့ပဲ အကြောင်းကြားစာထွက်တယ်။မနက်ဖြန်က စမယ်၊ပုံမှန်ပြေးဆွဲတဲ့လမ်းကြောင်းတွေအတိုင်းပေါ့ ၊ မြန်မာနိုင်ငံရဲ့ လေယာဉ်ပြေးဆွဲတဲ့ ဘယ်မြို့ကပဲဖြစ်ဖြစ် လေယာဉ်ပျံသန်းပြေးဆွဲမယ်၊အခုက ကလေးလေဆိပ်ကိုတော့ ယာယီ ရပ်ထားတယ်။ကိုဗစ်စည်းကမ်းတွေနဲ့ပဲ တာချီလိတ်လေကြောင်းလိုင်းကို ပြန်ပြေးဆွဲဖို့ စီစဉ်ကြတာပါ "ဟု အဆိုပါ ဦးစီးဌာန တာဝန်ရှိသူကပြောသည်။

 

တာချီလိတ်မှ လိုက်ပါမည့် ခရီးသည်များအတွက် Covid-19 စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့်လည်း ထိုးပြီးဖြစ်ကြောင်း မှတ်တမ်းပါရန်လိုကြောင်း၊ခရီးသည်များအနေဖြင့် တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းဖွင့်လှစ်ထားသည့် Fever Clinic သို့ လေယာဉ်လက်မှတ် ၊မှတ်ပုံတင် ယူဆောင်၍ Covid-19 သွားရောက် စစ်ဆေးနိုင်ကြောင်းလည်း သိရသည်။

#Yangon_Media_Group