#LocalNews

Published - 12 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့သတင်းအရသိရပါတယ်။

 

ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၀)ရပ်ကွက်၊ လှော်ကားလမ်း၊ -----လက်ဖက်ရည်ဆိုင်ရှေ့သို့ ရောက်ရှိလာသူ မကြူကြူနိုင်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

မကြူကြူနိုင် (၃၆) နှစ်အား ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group