Published: 8 December 2021

မနက်ဖြန် ဒီဇင်ဘာ ၉ ရက်​(ကြာသပတေးနေ့)တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၁၇)မြို့နယ်မှာ  အချိန်ပိုင်း ယာယီလျှပ်စစ်ဓါတ်အား ပြတ်​တောက်မှု ဖြစ်​ပေါ်မည်ဖြစ်​ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လျှပ်စစ်သုံးစွဲသူ မိဘပြည်သူများထံသို့ အသိပေးပန်ကြားထားပါတယ်။

 ယင်းကဲ့သို့ ယာယီလျှပ်စစ်ဓါတ်အား ပြတ်​တောက်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းဖို့ ဖြစ်တယ်လို့ (YESC)က ဆိုပါတယ်။

 မနက်ဖြန်တွင် ယာယီလျှပ်စစ်ဓါတ်အား ပြတ်​တောက်မည့် မြို့နယ်များအ​နေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)၊သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)နှင့် မြောင်းတကာ မြို့နယ်များဖြစ်ပြီး မနက်ဖြန် နံနက် ၉ နာရီမှ စတင်၍ မွန်းတည့် ၁၂ နာရီအထိ အချိန် ၃ နာရီကြာ လျှပ်စစ်ဓါတ်အား ပြတ်​တောက်မှာဖြစ်တယ်လို့ သိရပါတယ်။

သို့​သော်လည်း အရေးကြီးနေရာများကို​​တော့ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားစီစဉ် ဆောင်ရွက်သွားမှာဖြစ်​ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်​ကြေညာထားပါတယ်။

 

ဓါတ်ပုံ - YESC