Published: 8 December 2021
၂၀၂၁အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ဒုတိယမြောက်ပွဲစဥ်အဖြစ်ဒီဇင်ဘာလ၈ရက်နေ့ ဒီကနေ့ညနေ မြန်မာစံတော်ချိန်၄နာရီကစတင်ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တီမောအသင်းကို ၂ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

 မြန်မာအသင်းအနေနဲ့ တိုက်စစ်မှာ သန်းပိုင်ကို ပွဲထွက်လူစာရင်းတွင်ထည့်သွင်းကာပွဲထွက်လာခဲ့ပြီး တီမောအသင်းကိတိုက်စစ်ဖိအားပေးခဲ့ပြီး ပထမပိုင်း၁၄မိနစ်မှာ ဦးဆောင်ဂိုးကိုသန်းပိုင်ကသွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာမြန်မာအသင်းအနေနဲ့ကစားအားပိုမိုမြှင်တင်လာခဲ့ပြီး ဒုတိယဂိုးကိုမောင်မောင်လွင်ကထပ်မံသွင်းယူခဲ့ပြီး
ပွဲပြီးဆုံးချိန်မှာ ၂ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ ပြည့်ဖြိုးအောင်၊ စိုးအာကာ၊ နောက်- အောင်နိုင်ဝင်း၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ လယ်- လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ မောင်မောင်ဝင်း၊ ရှေ့- သန်းပိုင်၊ ဆွမ်လမန်၊ ကောင်းထက်စိုး တို့ပါဝင်ပြီး မြန်မာအသင်းမှာ အုပ်စု(က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းများနဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။