#LocalNews

Published - 9 Dec 2021

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများပေးပို့တဲ့ ဒုတိယမြောက်လုပ်ငန်းစဥ်အဖြစ် ချင်းပြည်နယ် မင်းတပ်မြို့ကို ပေးပို့လိုက်တယ်လို့ UNHCR ကနေသိရပါတယ်။

 

မင်းတပ်မြို့တွင်းရှိ နေရာအချို့တွင် နေထိုင်ခိုလှုံလျက်ရှိတဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၆၈၀ ကျော်သည် နေအိမ်အမိုးအကာဆိုင်ရာပစ္စည်းစုံများ၊ နေရောင်ခြည်သုံးမီးအိမ်များ၊ သာမိုမီတာများ၊ လက်ဆေးရည်၊ ဆပ်ပြာများ၊ နှာခေါင်းစည်းများ၊ စောင်များ၊ ဖျာများ၊ ရေပုံးများနှင့် အမှိုက်ပုံးများကဲ့သို့သော အဓိကလိုအပ်သည့် အရေးပေါ်ပစ္စည်းများကို ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

UNHCR အနေနဲ့ ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြားနေရာအသီးသီးတို့တွင် အကူအညီလိုအပ်နေသော လူမှုအသိုင်းအဝိုင်းများထံရောက်ရှိနိုင်ရန်အတွက် သင့်လျော်ရာ နည်းလမ်းပေါင်းစုံကိုရှာဖွေရန် လက်တွေ့ကွင်းဆင်းလုပ်ဆောင်နေသည့် မိတ်ဖက်အဖွဲ့များနှင့်အတူတကွ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

UNHCR ရဲ့နောက်ဆုံးရ အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုများကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသစ်ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၂၃၄,၆၀၀ထိ တိုးလာခဲ့ပြီး အရှေ့တောင်ပိုင်းဒေသ - အထူးသဖြင့် မွန်၊ ကရင်နှင့်ရှမ်း (တောင်ပိုင်း) ပြည်နယ်များတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် နေရပ်စွန့်ခွာမှုများ တိုးပွားလာနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီးအနှံ့အပြားတွင် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလျက်ရှိပြီး ထန်တလန်မြို့မှ နေရပ်စွန့်ခွာထွက်ပြေးလာသော ထောင်နှင့်ချီသည့် အရပ်သားများသည် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ကျေးရွာများတွင် ခိုလှုံနေထိုင်လျက်ရှိကာ နေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့် ဒေသခံအသိုင်းအ၀ိုင်းများမှာ စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေး၀ါးအထောက်အပံ့များ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

#Yangon_Media_Group