#RegionalPolitics

Published-  27 November 2021

အမေရိကန်ပြည်ထောင်စု၊အရှေ့အာရှဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ်လ်ကရစ်တန်ဘရင့်ဟာ  စနေနေ့ကနေ ဒီဇင်ဘာ ၄ရက်အထိ အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှား၊စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ကို သွားရောက်မယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။

ကရင်တန်ဘရင့်ဟာ လူ့အခွင့်အရေးစိန်ခေါ်မှုကိစ္စ၊ ရာသီဥတုပြောင်းလဲခြင်းကိစ္စတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ ၊နှင့် အကြမ်းဖက်မှုများရပ်တန့်ပြီး အဆီးအတားမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးနှင့်ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ်ဖိအားပေးဖို့ နည်းလမ်းတွေဆွေးနွေးရေးကိစ္စတွေ ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အရေးအကြီးဆုံး ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိမ့်မှာဖြစ်ပြီး အင်ဒိုပစိဖိတ်မှာ စည်းမျည်းအခြေပြုအစီအစဉ်တစ်ခုအတွက် အမေရိကန်ရဲ့ထောက်ခံအားပေးမှုကို အလေးပေးဖို့ သွားရောက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
 
အဲဒီအပြင် ကိုဗစ်-၁၉ကပ်ရောဂါဘေးကနေ ဘယ်လိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်မလဲဆိုတာနှင့် စီးပွားဆက်ဆံမှု ဘယ်လိုတိုးမြှင့်ကြမလဲဆိုတာကိုလည်း ဆွေးနွေးမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို သမ္မတဂျိုးဘိုင်ဒင်တက်ရောက်ခဲ့ပြီး ပင်လယ်များလွတ်လပ်မှုနှင့်ဒီမိုကရေစီရေးတို့ကို အာဆီယံနှင့်အတူ သူကရပ်တည်တယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီအပြင် ဝါရှင်တန်က  ဒေသဆိုင်ရာစီးပွားရေးမူဘောင်တစ်ခုကို ရေးဆွဲဖို့ စတင်ဆွေးနွေးမယ်လို့လည်းပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့အရင်က ဒေါ်နယ်ထရမ့်က ဒေသဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက် ကနေ ထွက်ခဲ့တဲ့အတွက် သူ့ရဲ့ အဲဒီ အာရှမဟာဗျူဟာဟာ အားနည်းနေတယ်လို့ ဝေဖန်သုံးသပ်သူတွေကဆိုကြပါတယ်။

ဒေသတွင်းနိုင်ငံတွေက အစီအစဉ်အသေးစိတ်ကိုစောင့်ဆိုင်းနေကြပြီး ဘိုင်ဒင်ရဲ့ ပြည်တွင်းစီးပွားရေးအားကောင်းအောင် ပြန်လည်တည်ဆောက်ရေး စူးစိုက်ဆောင်ရွက်မှုဟာ အကန့်အသတ်ရှိနေတယ်လို့ သိထားကြတယ်လို့ အာရှသံတမန်တစ်ဦးက ရိုက်တာကိုပြောပါတယ်။

ကရစ်တန်ဘရင့်ရဲ့ အရင် အိုဘားမားအစိုးရလက်ထက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒန်နီယယ်ရပ်ဆဲလ်က  ဒေသအတွက် ရှင်သန်အားကောင်းတဲ့  စီးပွားရေးမဟာဗျူဟာတစ်ခု အမေရိကန်မှာ တကယ်ရှိသလားဆိုတာ အာဆီယံအတွက် အဓိက မေးခွန်းတစ်ခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

စီးပွားရေးမူဘောင်ကြောင့် ပျက်ကွက်နေတာတောင်မှ အာဆီယနိုင်ငံတွေနှင့် အမေရိကန်က စီးပွားရေးပူးပေါင်းဆာင်ရွက်မှုမြှင့်တင်ဖို့ နည်းလမ်းတွေဆွေးနွေးတယ်ဆိုတာကိုက သူတိုအတွက် နားထဲမှာ ချိုမြစရာကောင်းနေတာပါလို့ သူကပြောပါတယ်။

သူ့ရဲခရီးစဉ်ဟာ ဒေသဆိုင်ရာကိစ္စတွေအတွက် အဖွဲဝင်၁၀နိုင်ငံပါ အာဆီယံဗဟိုအချက်အခြာကျမှုကို အလေးပေးဖို့ ဖြစ်ပါတယ်။ဒါပေမယ့် သူဟာ အာဆီယံရဲ့လာမယ့်ဥက္ကဋ္ဌသစ်ဖြစ်တဲ့ တရုတ်နှင့်ပိုနီးကပ်သွားနေတဲ့ ကမ္ဘောဒီးယားကိုတော့ မသွားရောက်ပါဘူးလို့ ရိုက်တာကရေးပါတယ်။

Ref: Reuters