#LocalPolitics

Published 14 Nov 2021

စစ်ပွဲသည် ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘဲ စစ်ပွဲအမြန်ဆုံးရပ်စဲပြီး ဆွေးနွေးညှိနှိုင်းသော နည်းလမ်းနဲ့ ပြဿနာကို အမြန်ဖြေရှင်းကြရန် ရှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီက   နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။

လက်ရှိတွင်စစ်ပွဲကြောင့် ဒေသခံမိဘပြည်သူများနှင်း၎င်းတို့ပိုင် အိုးအိမ် တိုက်တာ အဆောက်အဦးများ၊ လယ်ယာများ၊ သာသနာ့အဆောက်အအုံများ ထိခိုက်မှုရှိ ပြီးခြိမ်းခြောက်ခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိလာသောကြောင့် ဒေသခံမိဘပြည်သူများ ဘေးကင်းလုံခြုံရေးနှင့်လိုအပ်သော အကူအညီများ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ကော်မတီမှ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့နှင့် ၎င်းတို့၏  မဟာမိတ်များကို မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

ထို့အပြင် ရဟန်းသာမဏေများနှင့် ကလေးများအပါအဝင် ပြည်သူများကို အတင်းအဓမ္ မတပ်သားသစ်များစုဆောင်ခြင်းစတဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သဖြင့် ထိုလုပ်ရပ်များကို ပြုလုပ်သော မည့်သည့်အဖွဲ့အစည်းမဆို အလျင်အမြန်ရပ်စဲပေးရန်လည်း ကော်မတီက တိုက်တွန်းပြောဆိုထားပါတယ်။

နိုဝင်ဘာ၁၃ရက်တွင်လည်း အဆိုပါကော်မတီက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းသို့ သွားရောက်ကာ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာအပြင် ဆေးဝါးများကိုလည်း ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။