Published 14 Nov 2021
စိုက်ပျိုးရေးစရိတ်ကြီးမြင့်မှုကြောင့် အားလူစိုက်တောင်သူနည်းပါးပြီး အထွက်နှုန်းကျဆင်းကာ
ယခုနှစ်တွင် အားလူးစျေးနှုန်း အဆမတန်မြှင့်တက်နေခြင်းဖြစ်တယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
အခုလို အာလူးစျေးနှုန်းတွေမြင့်တက်လာတာဟာပြည်တွင်းစားသုံးမှုနှင့် ထုတ်လုပ်မှုမမျှတသည့်အတွက် ကုန်အဝင်ရှားပါးပြီး စျေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။
"အာလူးစျေးနှုန်းစျေးတက်တာက စိုက်ပျိုးစရိတ်တွေမြင့်တာရယ် မစိုက်နိုင်ကြတာရယ် အဲ့လိုကြောင့်မို့ အာလူးကစျေးတန်းမြင့်နေတာပါ။ အခုက တရုတ်ဘက်ကလည်းပိတ်ထားတော့ တရုတ်သီးတွေမဝင်ဘူးလေ၊ ဝင်တဲ့ တရုတ်သီးက မှောင်ခိုလမ်းကြောင်းကဝင်တယ်။ အဲ့လိုတွေဖြစ်နေတာပေါ့။ ပြောရရင် ပြည်တွင်းအာလူးကိုပဲ အားကိုးနေရတော့ ပြည်တွင်းစားသုံးမှုနဲ့ ထုတ်လုပ်မှုက ကွာနေတော့စျေးတက်တာပေါ့။ လက်ရှိမှာ အိန္ဒိယ အာလူးက အဝင်များနေတယ်၊ ဒါပေမဲ့ အိန္ဒိယအာလူးက သိပ်အထားမခံဘူး။ ပြောရရင် ပြည်တွင်းမှာ အာလူးထုတ်ကုန်ရှားနေပြီး အဝယ်လိုက်တော့ စျေးကတက်တာပါ။" လို့ ဘုရင့်နောင် ကုန်စည်ဒိုင်လုပ်ငန်းရှင်ဖြစ်သူ ကိုအောင်သူမျိုး က ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။
လက်ရှိစျေးကွက်အတွင်းမှာလည်း အားလူးစျေးနှုန်းက ကျပ် ၂၀၀၀ ဝန်းကျင်မှစ၍ ကျပ် ၅၀၀၀ အထိ စျေးနှုန်းမြှင့်နေတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။