#LocalNews
Published - 20 Sep 2021
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်လ် ကိုတရားစွဲဆိုထားတဲ့ အမှုတွေအတွက် ရုံးတင်စစ်ဆေးကြားနာမှုကို ရန်ကုန်မှနေပြည်တော်သို့ ရွှေ့ပြောင်းလုပ်ဆောင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောတူညီခဲ့ပြီး မစ္စတာရှောင်တာနယ်အနေနဲ့ သီးသန့်ရှေ့နေဌားထားပြီး အမှုရင်ဆိုင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
#Yangon_Media_Group