#Daily_News
Published 24 March 2026
၁။ သမီးလှကျွန်းကိုစတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်
၂။ ကမ္ဘာ့ရွှေဈေးနှင့်အတူ ကျဆင်းခဲ့သည့် မြန်မာ့ရွှေဈေးတစ်ရက်အတွင်း ကျပ်နှစ်သိန်းပြန်တက်လာ
၃။ မန္တလေးသင်္ကြန် ၂၀၂၆ ကို မဏ္ဍပ် ၄၀ ကျော်အပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပမည်
၄။ အမေရိကန်အစိုးရစုစုပေါင်း ကြွေးမြီ ဒေါ်လာ(၃၉)ထရီလီယံကျော်လွန်သွားပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ဧရိယာတိုးချဲ့ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 24 March 2026
#သမီးလှကျွန်း #တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးစံချိန်တင်ကျဆင်းခဲ့ခြင်းနဲ့အတူ မြန်မာ့ရွှေဈေးလည်း လိုက်ပါကျဆင်းခဲ့ပြီးနောက် တစ်ရက်အတွင်း ကျပ်နှစ်သိန်းပြန်တက်လာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 24 March 2026
#ကမ္ဘာ့ရွှေဈေး #မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နန်းမြို့ကျုံးပတ်လည်၌ မဏ္ဍပ် ၄၀ ကျော်နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ့်အပြင် ၂၆ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
#Local_News
Published 24 March 2026
#မန္တလေးသင်္ကြန် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ယခုလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၄၁ သန်း အထိရောင်းချပေးထားတယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 24 March 2026
#စက်သုံးဆီ
#YMG/SW #Yangon_Times
#Local_News
Published 24 March 2026
■ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ မတ်လ ၂၅ ရက် မနက်ဖန် မှ စတင်ပြီး ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
■ အဆိုပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် မြို့ပတ်ရထား စတင်ပြေးဆွဲသည့် အခမ်းအနားကို မတ်လ ၂၅ ရက်၊ မနက် ၇ နာရီမှာ ရန်ကုန်ဘူတာကြီး၊ အမှတ် ၁ စင်္ကြံ၌ ပြုလုပ်သွားမည် ဖြစ်ပြီး
ယင်း မြို့ပတ်ရထားတွင် လူစီးတွဲ ၄ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
■ ထိုသို့ ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုသည့်အတွက် ဒီဇယ်စက် ခေါင်းအသုံးပြုမှုနှင့်နှိုင်းယှဉ်ပါက တစ်ရက်လျှင် ကျပ် ၆ သိန်းကျော်ခန့် သက်သာသွားမည် ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 March 2026
▪️ ရန်ကုန်မြို့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ (၂၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကိုလာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ (၂၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၁၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)ရှိအလှူတော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ယင်းသွေးလှူဒါန်းပွဲသည် အရေးပေါ်သွေးလိုအပ်နေသည့် လူနာများအတွက် ဇီဝိတဒါနအလှူအဖြစ် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များက စုပေါင်းသွေးလှူဒါန်းကြမည် ဖြစ်သည်။
▪️ အဆိုပါ လှူဒါန်းရရှိသည့် သွေးများကို ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးဌာနမှ တာဝန်ခံဆရာဝန်ကြီးနှင့်အဖွဲ့မှ လက်ခံယူရယူသွားမည် ဖြစ်ပြီး စုပေါင်းသွေးလှူဒါန်းပွဲ၌ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် လူမှုဆက်ဆံရေးဌာန ဖုန်း ၀၁-၅၄၁၇၉၅၊ ဝ၉-၆၈၃၈၁၇၉၇ဝ ဆက်သွယ်နိုင်ပြီး လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဧပြီလ ၁၀ ရက်အတွင်း စာရင်းပေးသွင်းလှူဒါန်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 143 of 2478