#Local_News
Published 13 October 2025
▪️ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA)ချုပ်ဆိုသည့် (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ NCA (၁၀)နှစ်ပြည့်အခမ်းအနားတွင် “ငြိမ်းချမ်းသောအနာဂတ်တည်ဆောက်ခြင်း”အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ကြီးမှူး၍ကျင်းပသွားမည်ဖြစ်သည်။
▪️ ထို့အပြင် ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ(၈)နိုင်ငံမှ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ဦးဆောင်၍ နိုင်ငံရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့်တို့မှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ပြီး ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် လူ့စွမ်းအားအရင်းအ မြစ်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင်ရွက်ရာ၌ ပထဝီစီးပွားရေးဆိုင်ရာအ ခွင့်အလမ်းများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများဖော်ထုတ်ခြင်းတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြေနိမ့်ကော်ဖီစိုက်ပျိုးလုပ်ကိုင်လိုသူများအနေနဲ့ နည်းပညာအပါအဝင် အကူအညီတွေလိုအပ်ပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးကို ဆက်သွယ်ဆောင်ရွက်နိုင်
တယ်လို့ သိရပါတယ်။
#Local_News
Published 11 October 2025
#မြေနိမ့်ကော်ဖီ #ကော်ဖီ
#YMG/NN #Yangon_Times
ဒူးရင်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများ ပါဝင်တဲ့မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဖွဲစည်းနိုင်ရေး ဆောင်ရွက်လျှကိရှိတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရပါတယ်။
#Local_News
Published 11 October 2025
#ဒူးရင်း #မြန်မာနိုင်ငံ
#YMG/SW #Yangon_Times
မြန်မာ့ဆန်နှင့်ဆန်ကွဲကို အီးယူနဲ့ အခြားဈေးကွက်နိုင်ငံတွေကယခုအပတ်မှစတင်ပြီး ပြန်လည်ဝယ်ယူနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။
#Local_News
Published 11 October 2025
#မြန်မာ့ဆန်နှင့်ဆန်ကွဲ # အီးယူ
#YMG/SW #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်း(YSX)Main Board မှာပြီးခဲ့တဲ့ စက်တင်ဘာလက ရှယ်ယာစောင်ရေ သုံးသိန်းကျော်အထိအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ YSXရဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 11 October 2025
#YSX_Main_Board #ရန်ကုန်စတော့အိတ်ချိန်
#YMG/NN #Yangon_Times
#Daily_News
Published 11 OCtober 2025
၁။ YSX Main Board ၌တစ်လအတွင်း ရှယ်ယာစောင်ရေ သုံးသိန်းကျော်အရောင်းအဝယ်ဖြစ်ခဲ့
၂။ မြန်မာ့ဆန်နှင့်ဆန်ကွဲကို အီးယူနှင့်အခြားဈေးကွက်နိုင်ငံများမှ ပြန်ဝယ်နေ
၃။ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို ရောင်းချသူများအသင်း ဖွဲ့စည်းမည်
၄။ တရုတ်ပြည်တွင်း၌အောင်မြင်မှုရပြီးနောက် အမေရိကားသိုတိုးချဲ့ရန်ကြိုးပမ်းလာသည့် Luckingကော်ဖီဆိုင်လုပ်ငန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 October 2025
■ ပြီးခဲ့သည့်အပတ်က စတင် ကျဆင်း သည့် စက်သုံးဆီ အမျိုးအစားအားလုံး ယခုအပတ်မှာလည်း တစ်လီတာလျှင် (၄၀)ကျပ်မှ (၁၀၀)ကျပ်အတွင်းဆက်လက် ကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယခုတစ်ပတ်အတွက်ထုတ်ပြန်ချက်အရ သိရသည်။
■ ထိုသို့ကျဆင်းရာတွင်ပြီးခဲ့သည့် အပတ်က 92 ဓာတ်ဆီ ဈေးနှုန်းတစ်လီတာလျှင် (၉၀)ကျပ်နှင့်ယခုအပတ်တွင် (၁၀၀)ကျပ်အထိ ၊95 ဓာတ်ဆီ ဈေးနှုန်းတစ်လီတာလျှင် (၈၅)ကျပ်မှ ယခုအပတ်တွင် (၉၅)ကျပ် အထိ ဆက်လက်ကျဆင်းလာကြောင်းသိရသည်။
■ ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် (၃၅)ကျပ် မှ ယခုအပတ်တွင် (၄၀) ကျပ် ၊နှင့်ပရီမီယမ်ဒီဇယ် ဈေးနှုန်းတစ်လီတာလျှင် (၆၀) ကျပ် မှ ယခုအပတ်တွင် (၆၅) ကျပ် အထိဈေးနှုန်း အသီးသီးကျဆင်းလာကြောင်း သိရသည်။
■ ယခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးများမှာ 92 တစ်လီတာလျှင်၂ ,၇၃၀ ကျပ်၊95 တစ်လီတာလျှင် ၂,၈၀၀ကျပ် ၊ဒီဇယ်ဆီတစ်လီတာလျှင် ၂,၅၀၅ ကျပ် ၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၃,၀၅၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 287 of 2480