#Local_News
Published 11 December 2025
▪️ ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (WFME)၏ အသိအမှတ်ပြု စာရင်းဝင်ဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်တွင် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးနေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောသည်။
▪️ ယနေ့ ဒီဇင်ဘာလ (၁၀) ရက်က ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ယင်းကပြောကြားခြင်းဖြစ်သည်။
▪️ ဆေးဘက်ဆိုင်ရာပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ်ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဟုလည်း ၎င်းကပြောသည်။
▪️ အဆိုပါ တက္ကသိုလ်ကို နိုင်ငံတကာဆေးတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများတွင်လည်း ခေတ်မီဆေးသိပ္ပံပညာရပ်များ သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း ယင်းကပြောသည်။
▪️ အလားတူ ပြည်တွင်း၌လည်း ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးနေပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံ ဖလှယ်ခြင်းများ၊ဆေးပညာဘာသာရပ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေလျက်ရှိနေသောကြောင့်ဆေးဘက်ဆိုင်ရာ ပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ်ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဟုလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
#YMG/PP #Yangon_Times
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၀ ကို G to G စနစ်နဲ့ အခုလအတွင်းတင်ပို့သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 10 December 2025
#ဘင်္ဂလားဒေ့ရှ် #ဆန်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ယခုလမှာ ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းလာတယ်လို့ ကုန်စည်ဒိုင်များထံမှစုံစမ်းသိရှိရပါတယ်။
#Local_News
Published 10 December 2025
#ကြက်သွန်နီ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ပို့ကုန်ဝင်ငွေ ဒေါ်လာ(၇၆)သန်းတန်ဖိုးရှိတဲ့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 December 2025
#ပို့ကုန်ဝင်ငွေ #ဆန်
#YMG/NN #Yangon_Times
ထိုင်းအခြေစိုက်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်ခုဖြစ်တဲ့ PTTEP ကမြန်မာမှလုပ်ငန်းများအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် သုံးစွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2025
#ရေနံ_သဘာဝဓာတ်ငွေ့ #PTTEP
#YMG/SW #Yangon_Times
#Daily_News
Published 10 December 2025
၁။ ပို့ကုန်ဝင်ငွေ ဒေါ်လာ(၇၆)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထား
၂။ ကြက်သွန်နီ လက်ကားဈေးအနည်းငယ်ကျဆင်းလာ
၃။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂၅၀၀ ယခုလအတွင်းတင်ပို့မည်
၄။ မြဝတီတွင် အွန်လိုင်းလိမ်လည်မှုများနှင့်ပါဝင်ပတ်သက်သည့်တရုတ်နိုင်ငံသားများအား နေရပ်ပြန်ပို့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 December 2025
▪️ ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏
မြန်မာအားကစားအဖွဲ့၏ ရွှေတံဆိပ်ဆု နှစ်ခုကို ခြင်းလုံးအဖွဲ့များမှ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ရရှိရာတွင် အမျိုးသမီးခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၀၂)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၄၄၆)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် အမျိုးသားခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၇၄)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၅၀၁)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 285 of 2529