#LocalNews
Published_ 20 March 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူ တည်ဆောက်ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်ရှိ အရှည် ပေ ၆၂၀၊ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)ကို ဒီကနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါတယ်။
စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ပြည်သူ့ဘဏ္ဍာငွေတွေ လေလွင့်မှုမရှိစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲဖို အရည်အသွေး ကောင်းမွန်ရေး၊ ဒေသအတွက်အကျိုးဖြစ်ထွန်းမှု ရှိ / မရှိ ထောက်ပြဝေဖန်ပေးနိုင်ဖို့ နှင့် တည့်မတ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နစက အဖွဲ့ဝင် Jeng Phang နော်တောင်က တံတားဖွင့်ပွဲကျင်းပရာမှာ တိုက်တွန်းသွားပါတယ်။
စစ်တောင်းတံတား(အုတ်ဖြတ်)သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ နယ်နှင့် ကျောက်ကြီးမြို့ နယ်ကို ဆက်သွယ်ထားသော ဖြူး-အုတ်ဖြတ်-မုန်း လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ ၆၂၀၊ နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပါတယ်။
တံတားရဲ့ Foundation အပိုင်းကို Bored Pile Foundation ဖြင့် တည်ဆောက် ထားပြီး Super Structure အပိုင်းကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ ဖြင့် တည်ဆောက်ထားကာ တံတား၏ခံနိုင်ဝန်မှာ တန် (၆၀) ဖြစ်ကြောင်း သိရပါတယ်။
#ymg_mnn
Yangon_Media_Group
Published 20 March 2022
လေဖိအားနည်းရပ်ဝန်းကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲလာနိုင်တဲ့ မုန်တိုင်းဟာ လာမယ့် မတ်လ၂၁ရက် တနင်္လာနေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ ကိုးကိုးကျွန်းအနီးစတင်ရောက်ရှိမယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။ အဲဒီမုန်တိုင်းဟာ အဲဒီ တနင်္လာနေ့ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးနှင့် မတ်လ၂၂ရက်၊အင်္ဂါနေ့ မှာ ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဆက်စပ် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက်(၁၂)နာရီအတွင်းကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတွင် မုန်တိုင်းငယ်အဖြစ်၊အဲဒီကမှ နောက်(၃၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာမယ်လို့ မိုး/ဇလဦးစီးဌာနက ခန့်မှန်းထားတဲ့အကြောင်း မတ်၂၀ရက် မနက်၇နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မတ်၂၀ရက် ယနေ့မနက်မှ မတ်လ(၂၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရှိရပါတယ်။
အဲဒီအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနှင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ကြဖို့ မိုး/ဇလဌာနက နှိုးဆော်သတိပေးထားပါတယ်။




#LocalNews
Published_19 March 2022
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေနဲ့ ယခုမတ်လအတွင်း အများပြည်သူကို (၄)နာရီပေး(၄)နာရီနားစနစ်နဲ့ လျှပ်စစ်ပေးဝေမယ်လို့ လျှပ်စစ်ဖြန့်ဝေမှုအချိန်ဇယားသတ်မှတ်ပေးခဲ့ပြီး အချိန်ဇယားပါအတိုင်းဖြန့်ဝေပါက စက်ရုံအလုပ်ရုံတွေအနေနဲ့ အဆင်ပြေစွာ လုပ်ငန်းလည်ပတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 19 March 2022
၁။ကိုဗစ်ကပ်ရောဂါကြောင့် အနာဂတ်အတွက် စိုးရိမ်စရာအကောင်းဆုံးက ပညာရေးထိခိုက်မှုလို ဆိုကြတဲ့အပေါ် ??
၂။ စီးပွားရေးတွေ နာလံထူ၊ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးတွေနာလံထူပေမယ့် ပညာရေးနာလံထူဖို့ ဘယ်လောက်အချိန်ယူရမလဲ ??
၃။ ပညာရေးနှင့်ပတ်သက်လို့ ချည်းကပ်မှုနှင့် အမြင်တွေရောပြောင်းသွားနိုင်သလား?? ဆိုတာနဲ့ ပတ်သက်ပြီး ဆရာကြီးဒေါက်တာခင်မောင်လွင်က ယခုလိုဆွေးနွေးပြောဆိုခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 19 March 2022
မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်း လာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း( Prak Sokhonn )နဲ့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတော်တော်များများ တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_19 March 2022
လျှပ်စစ်ပြတ်တောက်တာကြောင့် အအေးခန်းစက်ရုံတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေ အခက်အခဲတွေ့နေကြရတယ်လို့ စက်မှုလုပ်ငန်းရှင်တွေက ဆိုပါတယ်။
#Yangon_Media_Group
#BreakingNews
Published -19 Mar 2022

ချောင်းသာ-ပုသိမ် ကားလမ်းပေါ်မှာ ယနေ့ နေ့လည် ၁နာရီခွဲခန့်အချိန်က ယာဥ်အမှတ် BGO 4M/ 7627Toyota Succed ယာဥ်မှာယာဥ်တိုက်မှု ဖြစ်ပြီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

ချောင်းသာစစ်ဆေးရေးဂိတ်ရဲ့ တာဝန်ရှိသူတွေရဲ့အတည်ပြုချက်အရ ယာဥ်ပေါ်ပါသူမှာ ၇ ဦးဖြစ်ပြီး ပုသိမ်ချောင်းသာလမ်း ကလပ်ချီနဲ့ မင်းကုန်းကြီးကြားမှာ ကံထူးအောင်ယာဥ်နဲ့အဆိုပါယာဥ်ငယ်တို့တိုက်မိပြီး ကားလေးမီးလောင်ကာ ၇ ဦးမီးလောင်တဲ့အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

"ဒီနေ့ နေလည်ပိုင်းလောက်ပဲ ပုသိမ်မြို့နယ်ချောင်းသာလမ်းကလပ်ချီကွေ့မှာ ကံထူးအောင်ယာဥ်နဲ့ ကားလေးတိုက်ပြီး မီးလောင်ရာတွင် ပိတ်မိပြီးသေဆုံးသူတွေကို ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)က ပုသိမ်ဆေးရုံကို ပို့ပေးခဲ့ပါတယ်"လို့ သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။
ymg/hm
#Yangon_Media_Group
Page 2330 of 2418