TV Yangon Times Matters အစီအစဉ်
Published - 12 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က တယောပညာရှင်မေယံနီနှင့်အတူ
ငယ်ငယ်ကပုခက်ထဲမှာသိပ်ရင် သီချင်းဆိုသိပ်မှအိပ်တက်ကာ စဉ့်အိုးထဲခေါင်းဝင်သီချင်းတွေအော်ဟစ်ဆိုပြီး အနုပညာကိုရူးသွပ်ခဲ့ရပုံ
အခြေခံသင်ပေးလိုက်ရင် International note ရော Myanmar Note ရောရသွားကြပြီး ဆရာဘယ်သူလဲမေးရင် မေယံနီလိုပြောတဲ့အခါ ပီတိဖြစ်ရပုံ
ငွေရေးကြေးရေးနဲ့တိုင်းပြီးလုပ်ရင် အနုပညာမဟုတ်တော့ဘူး တူရိယာတွေတီးခတ်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်တာကိုပဲ ကျေနပ်နေပါပြီဆိုတဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group

#LocalNews
Published_12 June 2022
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွင်း မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်က သိရသည်။
အဆိုပါအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် မြားပစ်၊ ပြေးခုန်ပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမ စသည့် အားကစားနည်း ၇ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၁၀ ခုကျော် ရရှိရန်မျှော်မှန်းထားကြောင်းလည်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၏ ဒုဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။
"အခုက သူတို့ စနစ်တကျလေ့ကျင့်တာတွေလုပ်တယ်။ကျန်းမာရေးကို အဓိကစစ်ဆေးတယ်။လက်အတု ၊ ပြေးသမားတွေအတွက် ခြေအတု စတာတွေကိုလည်း စနစ်တကျ စစ်ဆေးရတာတွေ လုပ်နေတာပေါ့၊ပြိုင်ပွဲဝင်တွေကတော့ ဇူလိုင်လ ၂၆ ရက် နေ့လောက်ဆိုရင် သွားကြမယ်ပေါ့။အင်ဒိုနီးရှားကိုလေ။သန်စွမ်းကစားသမား ၆၉ ယောက်ရယ် နည်းပြ က ၂၁ ယောက်၊ပြီးတော့ အုပ်ချုပ်မှုအဖွဲ့တွေလိုက်ပါကြမယ်’’ဟု ယင်းကပြောသည်။
၉ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆု ၁၁ ဆုရခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိတွင် အပတ်စဉ်၊ လစဉ် ကျန်းမာရေးစစ်ဆေးမှုများ၊၊ ခြေတု၊လက်တု စစ်ဆေးမှုများ စသည်တို့ကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_12 June 2022
လျှပ်စစ်ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့်ရရှိရန် လုပ်ဆောင်သွားမည့်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
ကျန်ရှိနေသည့် ဓာတ်အားခကြွေးကျန်များကို ကောက်ခံရန် ခရိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊မီတာဖတ်ခြင်း၊ မီတာဘေလ် ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေးပြည့်ပြည့်ဝဝဖြင့် ဆောင်ရွက်သွားကြရန် အဆိုပါဝန်ကြီးဌာနက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်၍ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ကာ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး လုပ်ဆောင်နေကြောင်းလည်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 12 June 2022
ဇွန်လ ၁၂ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗဟိုအမျိုးသမီးဆေးရုံဝန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊
ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးနှင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ကြပြီး နေ့လည်၃နာရီတွင် မီးငြိမ်းခဲ့ကြောင်းသိရသည်၊၊
မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အလုံမြို့နယ်အတွင်းရှိ သံဝေဂလူမှုကူညီရေးအသင်းကတာဝန်ရှိသူတစ်ဦးက "အဲဒီကိုရောက်တော့မီးသတ်ကားတွေ မရောက်ခင် ကျွန်တော်တို့ အလုံက နှစ်စင်းရောက်တယ်၊၊ကျွန်တော်တို့လမ်းရှင်းပေးတာတွေလုပ်ပါတယ်၊၊ဆေးရုံအဆောက်အဦးတော့မဟုတ်ဘူး ဂိုထောင်ကိုလောင်တာပါ၊၊လူနာထိခိုက်တာမျိုးတော့ မရှိပါဘူး"လို့ YMGကိုပြောသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 12 June 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ဇွန်လ ၉ ရက် နံနက်၉ နာရီ ၁၅ မိနစ်ခန့်က
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည်
သတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၄)နေ မဟောင်ကွေ့ချိန် ၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွောရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ပြား(ကာလ ပေါက်စျေးတန်ဖိုးငွေကျပ် သိန်း ၃၀၀၊ ဘိန်းဖြူအလေးချိန် ၃၀
ဂရမ်(ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် မဟောင်ကွေ့ချိန် (၂၃)နှစ်အား ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက် များ ဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။
ymg_mnn
#Yangon_Media_Group
Page 2202 of 2446