#LocalNews
Published - 12 June 2022

 

ဇွန်လ ၁၂ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗဟိုအမျိုးသမီးဆေးရုံဝန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးနှင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ကြပြီး နေ့လည်၃နာရီတွင် မီးငြိမ်းခဲ့ကြောင်းသိရသည်၊၊

မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အလုံမြို့နယ်အတွင်းရှိ သံဝေဂလူမှုကူညီရေးအသင်းကတာဝန်ရှိသူတစ်ဦးက "အဲဒီကိုရောက်တော့မီးသတ်ကားတွေ မရောက်ခင် ကျွန်တော်တို့ အလုံက နှစ်စင်းရောက်တယ်၊၊ကျွန်တော်တို့လမ်းရှင်းပေးတာတွေလုပ်ပါတယ်၊၊ဆေးရုံအဆောက်အဦးတော့မဟုတ်ဘူး ဂိုထောင်ကိုလောင်တာပါ၊၊လူနာထိခိုက်တာမျိုးတော့ မရှိပါဘူး"လို့ YMGကိုပြောသည်၊၊

 

ymg/tthl
#Yangon_Media_Group