#LocalNews
Published_12 June 2022

 

လျှပ်စစ်ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့်ရရှိရန် လုပ်ဆောင်သွားမည့်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

 

ကျန်ရှိနေသည့် ဓာတ်အားခကြွေးကျန်များကို ကောက်ခံရန် ခရိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊မီတာဖတ်ခြင်း၊ မီတာဘေလ် ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေးပြည့်ပြည့်ဝဝဖြင့် ဆောင်ရွက်သွားကြရန် အဆိုပါဝန်ကြီးဌာနက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်၍ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ကာ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး လုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group