#LocalNews
Published - 18 May 2022
လာမယ့် ၂၀၂၂-၂၃ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် KG မှ Grade - 11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြေညာထားပြီးဖြစ်ရာ ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေကြေးမျှမကောက်ခံဘဲ အခမဲ့ ပညာရေးစနစ်ကိုသာ ဆောင်ရွက်သွားမယ်လို့လည်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ထိုကဲ့သို့ လာမယ့်စာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင်နေထိုင်တဲ့ မြို့နယ်ဒေသ (Catchment Area)များတွင် ကျောင်းအပ်နှံကြရမှာဖြစ်သော်လည်း သွားလာရေး အဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာကျောင်းများတွင် အပ်နှံနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများအားလုံး အဆင်ပြေအာင် ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားတာ ဖြစ်ပါတယ်။
ထို့အပြင် ယခုပညာသင်နှစ်၌ KG မှ Grade -11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမှာဖြစ်ပြီး ယမန်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းသင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်း ပြန်လည်သင်ကြားပေးမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေမှာဖြစ်ပြီး ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 May 2022
Tourist Visa ဖွင့်ပြီးနောက် အနောက်နိုင်ငံခရီးသွားတွေထက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ အာရှနဲ့အာဆီယံခရီးသွားတွေသာ ဦးစွာပြန်ဝင်လာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန် ကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_18 May 2022
လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ အတွင်းရေးမှူး ဦးစိုးစိုးဇော်အား စစ်ဆေးနေကြောင်း သတင်းပြန်ကြားရေးအဖွဲ ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်း ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော YMG ကို ပြောသည်။
"အဲဒီကိစ္စကတော့ ဟုတ်ပါတယ်။သူ့ကို ကျွန်တော်တို လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိစ္စကြောင့် ခေါ်ပြီးတော့ စစ်နေတာပါဗျ။သတင်းမှန်ပါတယ်"ဟု ယင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲအတွင်းရေးမှူး ဦးစိုးစိုးဇော် မှာ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ရသူ ဖြစ်ကာ လက်ရှိ နစက လက်ထက်တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်နေသူ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_18 May 2022
YBS ကားတွေရဲ့ မှတ်တိုင်တွေမှာ လာရပ်ထားတဲ့ City Taxi တွေကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးအရေးယူနေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 18 May 2022
မေလ(၁၉)ရက်ကနေ(၂၃)ရက်အတွင်း မြန်မာနိုင်ငံရဲ့ဒေသအချို့မှာ လေပြင်းတိုက်ခတ်တာနဲ့မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့မှာမေလ(၁၉)ရက်ကနေ(၂၃)ရက်အတွင်း မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တဲ့အတွက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်၊၊
မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ မိုး/ဇလက သတိပေးချက်ထုတ်ပြန်ထားပါ တယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_18 May 2022
ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှ ပြန်လွတ်လာသော တရုတ်နိုင်ငံသား ၁၄ ဦးအား မေလ ၁၆ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။
ဗန်းမော်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများက မိုးမောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံ လွှဲပြောင်းကာ အမည်မည်းစာရင်း (Black List) ရေးသွင်း၍ ပြည်နှင်ဒဏ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်း တရုတ်နိုင်ငံသား ၁၄ ဦးမှာ လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်က လွယ်ဂျယ်မြို့၊ ရပ်ကွက်(၃)ရှိ နေအိမ်တစ်အိမ်၌ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ မိုးမောက်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 18 May 2022
ကျိုက်ထီးရိုးကိုလာရောက်တဲ့ ဧည့်အဝင်နည်းလာတဲ့အတွက် ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်နှင့်ထမင်းဆိုင်အချို့ ပြန်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်ပိုင်ရှင် ဦးကြည်လွင်က YMG ကို ပြောပါတယ်၊၊
ကျိုက်ထီးရိုးစေတီတော်က ဖွင့်ထားဆဲဖြစ်ပေမယ့် ဧည့်နည်းပါးလာတာကတစ်ကြောင်း၊ မိုးရာသီဝင်လာတာက တစ်ကြောင်းကြောင့် စားသောက်ဆိုင်နှင့်ထမင်းဆိုင်အချို့ပြန်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်၊၊
"ဧည့်အလာပါးလို့ ကျွန်တော်တို့ကပိတ်လိုက်ပါပြီ၊၊ ပွဲတော်ရာသီဆိုရင်တော့လာတဲ့သူများတယ်၊၊ အခုတော့ဧည့်လာတာပါးလာတယ်၊၊ အခုဆိုင်ကပိတ်ပြီး ပြန်ဆင်းလာကြတာ၊၊ မိုးကတော့ အမြဲတမ်းတော့ မရွာပါဘူး အုံတော့အုံတာပေါ့၊၊ ပြန်သိမ်းတာလာတာတော့ ဆိုင်တွေအကုန်နီးပါးပဲ၊၊ ပြန့်ကျတွေကတော့ရှိတာပေါ့၊၊ အရင်လိုဈေးတန်းမရှိတော့ဘူး၊၊ မိုးတွင်းဆိုတော့ဘုရားနားမှာနည်းနည်းလောက်ပဲရှိတော့မယ်"လို့ ရင်ရင်ပြုံးစားသောက်ဆိုင်ပိုင်ရှင် ဦးကြည်လွင်ကပြောပါတယ်၊၊
ပွဲတော်ရာသီဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကနေ ကဆုန်လပြည့်နေ့အထိ ဧည့်အလာစည်ကားဆုံး ဖြစ်ပြီး အခုဆိုရင် စားသောက်တန်းမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်၊ စားသောက်ဆိုင်(၁၅)ဆိုင်အပါအဝင် အလှကုန်ဆိုင်စတဲ့ အခြားဆိုင်တွေနဲ့ဆိုရင် ဆိုင်ပေါင်း(၁၀၀)ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်၊၊
အခုချိန်မှာတော့ ထမင်းဆိုင်နဲ့စားသောက်ဆိုင် အကုန်နီးပါး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်၊၊
မိုးတွင်းခဏနားထားပြီး လာမယ့်သီတင်းကျွတ်ကာလမှာ ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 2159 of 2348