Published 24 June 2022
About 150,000 tonnes of rice will be exported from Myanmar to Europe and Africa, including Belgium and Spain, according to a statement from the Myanmar Port Authority.
At present, two 183-meter-long vessels are being berthed at Sule Port for rice export.
Two 186-meter vessels and one 200-meter vessel, a total of five vessels, have been docked.
A total of 143,400 tonnes of rice will be exported to these countries.
One was to Spain; The other will leave for Togo soon.
From April 2021 to March 2022, a total of 135,7202 tonnes of rice was exported from Myanmar through the Sule Port , with rice and rice products being exported annually by sea by bulk carrier vessels.
In the three months from April to June 2022, a total of 582,330 tonnes of rice was shipped by 27 ships. The biggest exporters of Myanmar rice were Cameroon, China, Angola, The Philippines and Polan during April, 2022. The biggest buyers of broken rice were China, Spain Netherlands and Poland during same month, according to the Myanmar Rice Association.
#Local_News
Published_ 24 June 2022
ဘယ်လ်ဂျီယံနှင့် စပိန်အပါအဝင် ဥရောပနိုင်ငံများနှင့် အာဖရိကတိုက်မှ တိုဂိုနိုင်ငံတိုသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သိန်းခွဲခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဆန်တင်ပို့ရန်အတွက် လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတွင် အလျား (၁၈၃) မီတာရှိ သင်္ဘောကြီး (၂) စီး၊ (၁၈၆) မီတာရှိ သင်္ဘောကြီး (၂) စီးနှင့် (၂ဝဝ) မီတာရှိ သင်္ဘောကြီး (၁) စီး စုစုပေါင်း (၅) စီး တံတားနေရာပြည့် ဆိုက်ကပ်ထားကြောင်း သိရပါတယ်။
အဆိုပါနိုင်ငံများသို့ စုစုပေါင်း ဆန်တန်ချိန် ၁၄၃၄ဝဝ တန်တင်ပို့မည်ဖြစ်ပြီး သင်္ဘောသုံးစီးသည် ဘယ်လ်ဂျီယံနိုင်ငံသို့ လည်းကောင်း၊ တစ်စီးသည် စပိန်နိုင်ငံသို့ လည်းကောင်း၊ ကျန်တဲ့တစ်စီးဟာ တိုဂိုနိုင်ငံသို့လည်းကောင်း မကြာမီထွက်ခွာမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ၂ဝ၂၁ ခုနှစ် ဧပြီလ မှ ၂ဝ၂၂ ခုနှစ် မတ်လအထိ ဆူးလေ ဆိပ်ကမ်းတံတားများမှ စုစုပေါင်းသင်္ဘော ၉ဝ စီးဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
၂ဝ၂၂ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၃ လ အတွင်း၌လည်း စုစုပေါင်း သင်္ဘော ၂၇ စီးဖြင့် ဆန်တန်ချိန် ၅၈၂၃၃ဝ ကို တင်ပို့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံထံမှ ၂ဝ၂၂ ခုနှစ် ဧပြီလတွင် ဆန်အများဆုံးဝယ်ယူသည့်နိုင်ငံများ၌ ကင်မရွန်း၊ တရုတ်၊ အင်ဂိုလာ၊ ဖိလစ်ပိုင် နှင့် ပိုလန် နိုင်ငံတို့ပါဝင်ပြီး ဆန်ကွဲအများဆုံး ဝယ်ယူသည့်နိုင်ငံများ၌ ဘယ်လ်ဂျီယံ၊ တရုတ်၊ စပိန်၊ နယ်သာလန် နှင့် ပိုလန်နိုင်ငံ တို့ပါဝင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_24 June 2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သာယာကုန်း၊ ရေတွင်းကုန်း၊တောင်ညွန့်ကြီး၊ ကန်-ရှေ့၊ ကန်-နောက်၊ ကန်-တောင်၊ ကန်-မြောက်၊ သိမ်ဖြူမီးရထား၊ တောင်ညွန့်မီးရထား၊ ဖဆပလ၊ဖိုမြေ၊ လွတ်လပ်ရေး ရပ်ကွက်နေရာများတွင် မနက်ဖြန် ဇွန်လ ၂၅ ရက် စနေနေ့၌ လျှက်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ထုတ်ပြန်ထားသည်။
ယာယီပြတ်တောက်ရမည့်အကြောင်းရင်းမှာ အလုံ၊လှော်ကား၊ ရွာမ၊ သာကေတ မြို့နယ်များရှိ ဓာတ်အားခွဲရုံ ၄ ရုံတွင် ခွဲရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သာကေတဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော 66kV သာကေတ-သီတာ(၁) ဓာတ်အားလိုင်းနှင့် 66kV သာကေတ-သီတာ(၂)ဓာတ်အားလိုင်းတို့ကို 66kV GIS Switch Bay ၌ တပ်ဆင်ဓာတ်အားပေးရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းလုပ်ဆောင်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်ဆင်ခြင်းလုပ်ငန်းများကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် ယင်းအချိန်အတွင်း လျှပ်စစ်ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ 230KV ဝါးတရာပင်မဓာတ်အားခွဲရုံ၏ 230kV Bus ပေါ်သို့ ဓာတ်အားဆက်သွယ်သော Disconnection Switch အထွက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ကြိုးလွန်းဖွာနေခြင်းကို ပြုပြင်ဆောင်ရွက်ရန်အတွက် ဝါးတစ်ရာပင်မ ဓာတ်အားခွဲရုံ၏ 230kV Bus ကို ဇွန်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်မည် ဖြစ်၍ အဆိုပါအားခွဲရုံမှ ဓာတ်အားပေးထားသည့် ရွှေပြည်သာစက်မှုဇုန်( ၂-၃-၄ )တစ်ဝက်ခန့်၊ ဝါးတစ်ရာ စက်မှုဇုန်၊ သာဓုကန် စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်တစ်ဝက်ခန့်၊မှော်ဘီမြို့နယ်၏ နေရာအချို့တို့တွင် လျှက်စစ်ဓာတ်အားယာယီ ပြတ်တောက်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 24 June 2022
မွန်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးလို့ မကုသနိုင်တဲ့မျက်စိဝေဒနာရှင် (၁၂၃၉)ဦးရှိပြီး'မရှိ၍ မလင်းသူမရှိစေရ'အစီအစဉ်နဲ့ အခမဲ့ခွဲစိတ်ကုသပေးနေတယ်လို့ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 24 June 2022
စပါးလက်ကျန်နည်းနေပြီဖြစ်တဲ့အတွက် ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာနေတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 24 June 2022
ဧရာဝတီမြစ်ရေတက်လာပြီဖြစ်၍ ညောင်ဦးမြို့နယ်ရှိကမ်းနားရပ်ကွက်များက နေအိမ်အချို့၌မြစ်ရေများ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊
မြစ်ရေတက်လာပြီး ရေဘေးအန္တရာယ်ကြုံနိုင်သည့်အတွက် မြစ်ကြောင်းတစ်လျှောက်တွင် ဌာနကချထားပေးသည့် စပိဘုတ်ရေယာဥ်ဖြင့် တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတာဝန်ချထားပြီဖြစ်ကြောင်းသိရသည်၊၊
လတ်တလောတွင် ညောင်ဦးမြို့နယ်ရှိ ကမ်းနားနေအိမ်အချို့သို့ မြစ်ရေများ စတင်ဝင်ရောက်လာပြီဖြစ်သော်လည်း နေရာရွေ့ပြောင်းပေးရတဲ့အခြေ အနေမျိုးတော့ မရောက်သေးဘူးဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၊ဦးစီးအရာရှိ ဦးကျော်မင်းသူကYMG ကို ပြောသည်၊၊
"မြစ်ရေတက်လာပြီး ရေဘေးအန္တရာယ်ကြုံနိုင်တဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာ ဌာနကချထားပေးတဲ့ စပိဘုတ်ရေယာဥ်နဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတာဝန်ချထားပြီဖြစ်ပါတယ်၊၊
မြစ်ရေကတော့ ကမ်းနားရပ်ကွက်တွေမှာ နေအိမ်အချို့မှာတော့ ခြံဝန်းထဲထိ နေအိမ်ထဲထိရေဝင်တာ တွေရှိပါတယ်၊၊ အိမ်အောက်ထပ်အထိ ဝင်ရောက်နေပြီ၊၊ နေရာရွေ့ပြောင်းပေးရတာမျိုးအန္တရာယ်တော့ မရှိသေးပါဘူး၊၊ စိုးရိမ်ရေမှတ်ရောက်ဖို့( ၄.၇၅)ပေလောက် လိုသေးတယ်၊၊ ကျွန်တော်တို့ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ မြို့နယ်မှာ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲဝင် အင်အား (၃၅)ဦးနဲ့ ပြင်ဆင်ထားတာပါ၊၊ သဘာဝဘေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုတွေနဲ့ ပစ္စည်းပစ္စယတွေလည်း ကြိုတင်စုဆောင်းထားပါတယ်၊၊
"ဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ ၊ဦးစီးအရာရှိ ဦးကျော်မင်းသူက ပြောသည်၊၊
ဧရာဝတီမြစ်ရေ (၁၉၇၅)စင်တီမီတာရှိပြီးသည် ညောင်ဦးမြို့နယ်တွင် နောက်(၂၄)နာရီအတွင်း (၂၅)စင်တီမီတာတိုးကာ (၂၀၀၅)စင်တီမီတာထိရောက်ရှိမည်ဖြစ်ကာ ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေအမှတ်(၂၁၂၀)စင်တီမီတာရောက်ရန် (၁၁၅)စင်တီမီတာသာလိုတော့မည်ဖြစ်ကြောင်း မိုး/ဇလက ဇွန်လ၂၄ရက်တွင် ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 24 June 2022
ရေနံချက်စက်ရုံအမှတ်(၁)ရှိ ဆိပ်ခံဗော(Pontoon) ကို ပြင်ဆင်ပြီး တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အသစ်တည်ဆောက်မည်ဖြစ်သော ဆိပ်ခံဗောတံတား (Jetty) တွင် အသုံးပြုမည့်ဆိပ်ခံဗော(Pontoon) အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်၊၊

ဇွန်လ (၂၃) ရက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိတို့ ပါဝင်သည့်အဖွဲ့များသည် သန်လျင်မြို့နယ်၊ရေနံချက်စက်ရုံရှိအမှတ်(၁)ဆိပ်ခံဗော (Pontoon) ကို သွားရောက်ကြည့်ရူ စစ်ဆေးခဲ့ကြောင်းသိရသည်၊၊
အဆိုပါ ဆိပ်ခံဗော (Pontoon)မှာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် အသစ်တည်ဆောက်မည်ဖြစ်သော ဆိပ်ခံဗောတံတား (Jetty) တွင် အသုံးပြုမည့် ဆိပ်ခံဗောဖြစ်ပြီး အရွယ်အစား ပေ(၈၀’x ၂၀’x၆’) ရှိပြီး လက်ရှိအခြေအနေတွင် ပြည်တွင်း ရေကြောင်းမှ ပြင်ဆင်ရမည့်လုပ်ငန်းများကို အသေးစိတ်တွက်ချက်၍ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောကျင်းတွင် ဒေါက်တင်ပြင်ဆင်မည်ဖြစ်ပြီး ကောင်းမွန်သွားလျှင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
ymg/tthl
#Yangon_Media_Group
Page 2022 of 2299