#HealthMatters
Published - 14 May 2022
၁။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကမ္ဘာလုံးဆိုင်ရာစီးပွာရေးမှာ အဓိကကျတဲ့အခန်းကဏ္ဍက ဘယ်လိုပါဝင်နေတယ်ဆိုတာကို ကိုဗစ်ကပ်ဘေးက မီးမောင်းထိုးပြခဲ့ပါတယ်လို့ ကုလကပြောတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ??
၂။ သူတို့ကလဲ ရွှေ့ပြောင်းတဲ့သဘောရှိတယ် ကိုဗစ်ကလည်း ရွှေ့ပြောင်းတဲ့သဘောရှိတော့ သူတို့ကို လက်ခံဖို့အတွက်ကရော အန္တရာယ်ကြီးတစ်ခုဖြစ်မနေဘူးလား??
၃။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင် ကိုဗစ်နှင့်အတူ ရွှေ့ပြောင်းအလုပ်သမားတွေရွှေ့ပြောင်းရှင်သန်ခွင့် ဘယ်လိုပေးမလဲ??
#Yangon_Media_Group
Published 14 May 2022
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် ၁၀၂၆၄ ပါးကို ဆွမ်း၊လှုဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲကို ယနေ့ မေလ၁၄ ရက် ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ နန်းမြို့ရိုးလေးပြင်လေးရပ်၌ တစ်ပြိုင် နက်ကျင်းပခဲ့ပါတယ်။
ယနေ့ မနက်၆နာရီမှစတင်ကာ မန္တလေးမြို့ နန်းမြို့ရိုးလေးပြင်လေးရပ်တွင် တစ်ဖက်လျှင် သံဃာတော် ၂၅၆၆ပါးစီကို ဆွမ်းနှင့်လှူဖော်ပစ္စည်းတွေ၊နဝကမ္မဝတ္ထုငွေတွေကို လောင်းလှုခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားကို နစက၊မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကျင်းပပုံတွေကို AFPသတင်းဌာနက ယခုလို သတင်းရုပ်သံရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 14 May 2022
စက်သုံးဆီ စျေးနှုန်းမြင့်တက်လာမှုနှင့် အလှူရှင်နည်းပါးလာမှုတို့ကြောင့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များအနေနဲ့စရိတ်မျှပေးစနစ်ဖြင့်သာ လူနာလမ်းကြောင်းများကို ကူညီပို့ဆောင်ပေး နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 May 2022
မိုးရာသီအဝင်နဲ့ မိုးရာသီကာလတွေမှာ သွေးလွန်တုပ်ကွေး၊ဝမ်းပျက်ဝမ်းလျှော၊အစာအဆိပ်သင့်နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်တဲ့အတွက် အထူးသတိပြုဖို့လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်ကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 14 May 2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ဒီကနေ့ မေလ ၁၄ ရက်၊ နံနက် အစောပိုင်းအချိန်တွင် စေတီတော်ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်၌ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ရုံးဝန်ထမ်းများဖြင့် ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းတွင် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊သစ်သီး၊ဆီမီး၊အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။
ဆက်လက်၍ နံနက် ၆ နာရီခွဲ အချိန်တွင် ရွှေတိဂုံစေတီတော်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ သြဝါဒါစရိယဆရာတော်ကြီးများကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများမှ ညောင်ရေသွန်းလောင်းရန် ညောင်ရေအိုးများ ကိုယ်စီကိုင်ဆောင်ကာ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်းမှစတင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြပါတယ်။
ထိုနောက် နံနက် ၇ နာရီခွဲအချိန်တွင် အခမ်းအနားကျင်းပမည့် အင်္ဂါထောင့်ဗောဓိညောင်ပင်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများမှ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြပြီးပရိဘောဂစေတီ(မဟာဗောဓိညောင်ပင်)အား ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ(ယောဆရာတော်ဘုရားကြီး)ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ဆရာတော်ဘဒ္ဒန္တ နာဂိတထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခဲ့ကြပါတယ်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော်ကြီးများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များမှ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး ထို့နောက် ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက သတ်မှတ်ထားသော ကဗျာ၊လင်္ကာ၊သံပေါက်များ ရွတ်ဆိုဆုတောင်း၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီးနောက် အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ - ရွှေတိဂုံစေတီတော် (Page)
ymg/kg
#Yangon_Media_Group
#LocalNews
Published - 14 May 2022
မေလအတွင်း အားအနည်းငယ်ရှိသောလာနီညာဖြစ်စဥ်အခြေအနေကို ရောက်ရှိနေလို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်၊၊
နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ မို/ဇလဌာနကသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်၊၊
လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် အဲဒီ့လာနီညာဖြစ်စဉ်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာခြင်းစတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ မိုး/ဇလကမေလ(၁၄)ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 14 May 2022
၁။မိုးရာသီအဝင်တွင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်နှင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်
၂။ ရန်ကုန်ပရဟိတအဖွဲ့များအနေနဲ့ စရိတ်မျှပေးစနစ်ဖြင့်သာ လူနာလမ်းကြောင်းများကို ကူညီပို့ ဆောင်ပေးနေရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လေလံတင်ပွဲသမိုင်းတလျှောက် အကြီးဆုံးစိန်ဖြူကြီး ဒေါ်လာ (၁၈.၈)သန်းဖြင့် လေလံအောင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#Yangon_Media_Group
Page 2018 of 2200