#Local_News
Published -11 August 2022

 

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၁ ရက်(ယနေ့) တွင် ၂၁၄၀ ကျပ်အထိမြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၁၀ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၁၄၀ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၉၂၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၂၁၀ ကျပ်သို့လည်းကောင်း စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် သြဂုတ်လ ၁၀ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၁၈၅ ကျပ် ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၁၁ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၄၄၀ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၅၁၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၁၅ ကျပ် အထိ စျေးမြင့်တက်လာခြင်းဖြစ်သည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေး ၁၈၅၀ ကျပ် သတ်မှတ်ချိန်က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းသာ ရှိခဲ့သော်လည်း ၂၁၀၀ ကျပ်ကို တိုးမြှင့်လိုက်ချိန်ကစပြီး ဈေးထိုးတက်လာခြင်းဖြစ်ကာ တစ်လီတာ ၁၈၀၀ ကျပ်အောက် ပြန်လည်ရောက်ရှိဖို့ မရှိကြောင်း ဈေးကွက်အကဲခတ်အချို့က သုံးသပ်ပြောဆိုထားသည်။

 

ymg/sth
#Yangon_Media_Group