#Local_News
Published _ 6 September 2022
ယူနက်စကိုဝင်နိုင်ရေးကြိုးပမ်းနေသော မြောက်ဦးနန်းရာကုန်းတွင် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။
"ဗုံးကွဲတာ မနက် ၉ နာရီလောက်က နန်းရာကုန်းရဲ့ အရှေ့တောင်ထောင့်၊ ဒုတိယတံတိုင်းနဲ့ တတိယတံတိုင်းကြားမှာ ဖြစ်တာ။ လူရော မြို့ရိုးရော ထိခိုက်ပျက်စီးတာ မရှိပါဘူး၊ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိပါဘူး"ဟု အဆိုပါ ဌာနတာဝန်ရှိသူက YMG ကို အတည်ပြုပြောပြသည်။
မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်းဝင်၊ မဝင် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published - 6 September 2022
ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ယနေ့ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၄၂၅ ကျပ်၊ 95 တစ်လီတာ ၂၅၃၅ ကျပ်၊ 97 တစ်လီတာ ၃၁၁၈ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၁၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီမှာ ယခုအပါတ်အတွင်း မြန်မာနိုင်ငံသို ရောက်ရှိမည်ဖြစ်ပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 6 September 2022
မြန်မာအပါအဝင် (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်သည့် နိုင်ငံအလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ရုရှားအာကာသယာဉ်မှူးများက အာကာသတွင် ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ချိတ်ဆွဲထားသည့် အလံများမှာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံတို့၏ အလံများဖြစ်ကြောင်း တွေ့မြင်ရသည်။
လက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)ကိုကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယင်းတွင် ပါဝင်တက်ရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ဂုဏ်ပြုသောအားဖြင့် ချိတ်ဆွဲ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ရုရှားဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
မနက်ဖြန် စက်တင်ဘာလ ၇ ရက်တွင် အဆိုပါ စီးပွားရေး ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 5 September 2022
အနုပညာဝန်ဆောင်မှုလုပ်ငန်းတွေအဖြစ် လတ်တလောမှာအွန်လိုင်းကြော်ငြာရိုက်ကူးရေးလုပ်ငန်းတွေနဲ့ Billboard ရိုက်ကူးရေး အချို့သာပြန်လည်စတင်နိုင်သေးတယ်လို့ အနုပညာဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 5 September 2022
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၁၁ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၅၂၂၀ ကျပ်အဖြစ် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published - 5 September 2022
လတ်တလောမှာ ဟိုတယ်လုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေအတွက် မီးစက်တွေမဖြစ်မနေဝယ်ယူနေရတဲ့အတွက် လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်းတွေ မြင့်တက်လာတယ်လို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုညီညီထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
Published 5 Sept 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဆင့်မြင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၅ရက် တနင်္လာနေ့က ဗလက်ဒီဗော့စတော့ခ်မြို့က ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို သွားရောက်လေ့လာကြည့်ရှုခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ တတိယမြောက်ဖွင့်လှစ်ခဲ့တဲ့ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း (Makarov Pacific Higher Naval School)ကို ပထမဦးစွာ လေ့လာကြည့်ရှုခဲ့ရာမှာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရေတပ်ဗိုလ်ချုပ် ဗလက်ဒီမာ ဗာဆီလီဗစ် ဘူရာကော့ဗ်က သင်တန်းကျောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီသင်တန်းကျောင်းမှာ သင်တန်းသားတွေကိုယ်တိုင် တီထွင်ထားတဲ့ ဆိုလာစွမ်းအင်သုံး ရေယာဉ်ကို စမ်းသပ်မောင်းနှင်ပြခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီနောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters ကိုဆက်လက်သွားရောက်ရာမှာ ဒုတိယဌာနချုပ်မှူးဖြစ်တဲ့ ရေတပ်ဗိုလ်ချူပ် ဗလက်ဒီမာ အက်စတာဟော့ဗ်က ဌာနချုပ်နှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
ညနေပိုင်းမှာ ဗိုလ်ချူပ်မှူးကြီးနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ဆက်လက်လေ့လာခဲ့ကြရာမှာ အရှေ့ဖျားသင်္ဘောကျင်းကုမ္ပဏီ အကြီးအကဲ မစ္စတာအင်ဒရေးဆာဗာရီလော့ဗ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြသခဲ့ကြပါတယ်။
အဲဒီဆိပ်ကမ်းကို ၁၈၇၂ ခုနှစ်မှာ ရုရှားရေတပ်ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ပြီး ပထမကမ္ဘာစစ်ကာလအတွင်း စစ်ဘက် သယ်ယူပို့ဆောင်ရေးတွေကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ နိုင်ငံခြားကုန်တင်သင်္ဘောအချို့ စတင်ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးနောက် ၁၉၉၀ပြည်နှစ်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖြစ်ပြောင်းလဲခဲ့တာလို့သိရပါတယ်။ ဒီဆိပ်ကမ်းဟာ ရုရှာဖက်ဒရေးရှင်းနှင့် နိုင်ငံအရှေ့ပိုင်းတို့တွင် အကြီးဆုံးဆိပ်ကမ်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့အပြင် ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ Far Eastern Federal University Medical Centerကိုလည်းသွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။
Source: SAC’s information







Page 1852 of 2296