#Local_News
Published - 11 August 2022
မြန်မာအပါအဝင် နိုင်ငံငါးနိုင်ငံကို သကြားတင်သွင်းမှု ဗီယက်နမ်က အခွန်စည်းကြပ်သွားမှာဖြစ်တယ်လို့ ဗီယက်နမ် စက်မှုနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (M-O-IT-) က ထုတ်ပြန်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published -11 August 2022
စက်သုံးဆီဈေးနှုန်းဟာ သြဂုတ် ၁၁ ရက်(ယနေ့) မှာတော့ တစ်လီတာကို၂၁၄၀ ကျပ်အထိ မြင့်တက်လာခဲ့တယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေရဲ့ ဈေးနှုန်းများအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_11 August 2022
ရန်ကုန်တိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ (၉၀)ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖိုh ကျန်ရှိသူတွေ လာရောက်ထိုးနှံနိုင်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဒေါက်တာထွန်းမင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_11 August 2022
မြန်မာ့ထွက်ကုန်တွေကို သင်္ဘောနဲ့ ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက်တင်ပို့နိုင်မယ့်ကိစ္စကို အမြန်ဆုံးလုပ်နိုင်ဖို့ စီစဉ်နေကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 11 August 2022
၁။ မြန်မာ့ထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်သို့သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့မည့်ကိစ္စ အမြန်ဆုံးစတင်ရန် စီစဉ်
၂။ ရန်ကုန်တိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ (၉၀) ရာခိုင်နှုန်းရှိပြီဖြစ်၊ ဆက်လက်ထိုးနှံပေးနေ
၃။ အောက်တိန်း 92 Ron တစ်လီတာ ၂၁၄၀ ကျပ်အထိ မြင့်တက်လာ
၄။ ဂျာကာတာလူကူးမျဉ်းကြားတွင် မော်ဒယ်လ်ရှိုးလျှောက်ပွဲ ဖန်တီးလာကြသည့် အင်ဒိုနီးရှားလူငယ်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 11 August 2022
အခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်းမှာ ပြည်ပကို ပဲမျိုးစုံတန်ချိန် ငါးသိန်းခွဲကျော် တင်ပို့ထားရှိပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၄၂၀ ကျော်ရရှိထားတယ်လို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 11 August 2022
ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ၂၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ပြည်တော်ပြန်ဦးရေ ၉၀၀၀၀ ကျော် ပြန်လာကြောင်း ရန်ကုန်တိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုနှစ် လေးလတာအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် နှစ်သောင်း ကျော်လာရောက်ခဲ့ပြီး နိုင်ငံပေါင်း ၆၄ နိုင်ငံကလာရောက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် ပြည်ပအလည်အပတ်သွားပြီး မြန်မာကို ပြန်လည်ဝင်ရောက်မှု ဦးရေ ၉၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် Tourist Visa ဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း ပြည်ပခရီးသွားဧည့်သည်များ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်နေ့မှစတင်ဆင်းသက်ခွင့်ပြုခဲ့ပြီး ပြည်ပလေကြောင်းလိုင်းများများဆင်းသက်ပါက ပြည်ပခရီးသွားဦးရေတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1851 of 2239