#World_Health
Published 21 November 2026

■ Dark Chocolate ကို တစ်မျိုးတည်းစားတာထက် Blueberries၊ Black Coffee၊ Almonds နဲ့ Cheese တို့လို အစားအစာတွေနဲ့ တွဲစားပေးမယ်ဆိုရင် အရသာပိုကောင်းသလို အာဟာရဓာတ်တွေလည်း ပိုမိုရရှိနိုင်ပါတယ်။

■ ချိုချိုလေးစားချင်တဲ့အခါ Dark Chocolate တစ်တုံးလောက် စားလိုက်ရတာဟာ လူအများစုအတွက် အကြိုက်တွေ့စရာပါပဲ။ နေ့လယ်စာစားပြီးနောက်ဖြစ်ဖြစ်၊ ညနေပိုင်း သရေစာစားချိန်ဖြစ်ဖြစ် Dark Chocolate လေးစားပေးတာကလည်း ပုံမှန်စားသောက်မှုပုံစံထဲမှာ ထည့်သွင်းနိုင်တဲ့ အစားအစာတစ်မျိုးပါ။

■ ဒါပေမဲ့ Dark Chocolate ကို တစ်မျိုးတည်းစားမယ့်အစား အခြားအာဟာရပြည့်ဝတဲ့ အစားအစာတွေနဲ့ တွဲစားပေးမယ်ဆိုရင် ပိုကောင်းပါတယ်။

■ အာဟာရပညာရှင် Deepsikha Jain က သူမရဲ့ Instagram မှာ Dark Chocolate နဲ့ တွဲဖက်စားသုံးသင့်တဲ့ အစားအစာ ၄ မျိုးကို မျှဝေပေးထားပါတယ်။

■ ဒီအစားအစာတွဲဖက်မှုတွေဟာ အူလမ်းကြောင်းကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်၊ အိပ်စက်မှုနဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုတို့အတွက် အထောက်အကူဖြစ်နိုင်တယ်လို့လည်း ရှင်းပြထားပါတယ်။

■ Dark Chocolate နဲ့ တွဲစားသင့်တဲ့ အစားအစာ ၄ မျိုး

■ ၁။ Dark Chocolate + Blueberries
ပထမဆုံး အကြံပြုထားတာကတော့ Dark Chocolate နဲ့ Blueberries တွဲစားဖို့ပါ။
Blueberries မှာ Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Dark Chocolate မှာလည်း Flavonoids လို့ခေါ်တဲ့ အပင်ထွက်ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

■ ဒီနှစ်မျိုးကို တွဲစားပေးခြင်းအားဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

■ ဒါ့အပြင် ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိန်းသိမ်းပေးရာမှာလည်း အကျိုးရှိနိုင်တယ်လို့ အာဟာရပညာရှင်က ဆိုပါတယ်။

■ ၂။ Dark Chocolate + Black Coffee

■ ပထမဆုံး အကြံပြုထားတာကတော့ Dark Chocolate နဲ့ Blueberries တွဲစားဖို့ပါ။
Blueberries မှာ Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Dark Chocolate မှာလည်း Flavonoids လို့ခေါ်တဲ့ အပင်ထွက်ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

■ ဒီနှစ်မျိုးကို တွဲစားပေးခြင်းအားဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

■ ဒါ့အပြင် ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိန်းသိမ်းပေးရာမှာလည်း အကျိုးရှိနိုင်တယ်လို့ အာဟာရပညာရှင်က ဆိုပါတယ်။

■ ၂။ Dark Chocolate + Black Coffee

■ ကော်ဖီကို နို့နဲ့ သကြားမထည့်ဘဲ သောက်ရတာကြိုက်သူတွေအတွက် ဒီအတွဲလေးက အဆင်ပြေပါတယ်။

■ Black Coffee နဲ့ Dark Chocolate ဟာ အရသာပိုင်းမှာလည်း လိုက်ဖက်သလို အာဟာရပိုင်းမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အတွဲတစ်ခုဖြစ်ပါတယ်။

■ Black Coffee မှာ Antioxidants နဲ့ Flavonoids တွေ ပါဝင်သလို Dark Chocolate မှာလည်း အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ဒြပ်ပေါင်းတွေနဲ့ အမျှင်ဓာတ် ပါဝင်ပါတယ်။

■ အာဟာရပညာရှင် Deepsikha Jain ကိုယ်တိုင်လည်း ဒီအတွဲလေးကို အရမ်းကြိုက်နှစ်သက်တယ်လို့ ပြောထားပါတယ်။

■ ၃။ Dark Chocolate + Almonds (သို့မဟုတ်) Pistachios

■ ညဘက်မှာ သရေစာလေး စားချင်သူတွေအတွက်တော့ Dark Chocolate ကို Almonds ဒါမှမဟုတ် Pistachios နဲ့ တွဲစားဖို့ အကြံပြုထားပါတယ်။

■ Dark Chocolate နဲ့ အခွံမာသီးတွေမှာ Magnesium ဓာတ်ပါဝင်ပါတယ်။

■ Magnesium ဟာ ကြွက်သားနဲ့ အာရုံကြောတွေရဲ့ ပုံမှန်လုပ်ဆောင်မှုအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အိပ်စက်မှုကို ထိန်းညှိပေးတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ပါတယ်။

■ ဒါကြောင့် ညနေပိုင်း သရေစာအဖြစ် Dark Chocolate အနည်းငယ်နဲ့ Almonds ဒါမှမဟုတ် Pistachios အနည်းငယ် တွဲစားပေးတာက အာဟာရမျှတတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

■ ၄။ Dark Chocolate + Cheese

■ ဒီအတွဲကတော့ ကြားရတာနည်းနည်းထူးဆန်းနေနိုင်ပါတယ်။ ဒါပေမဲ့ အာဟာရပညာရှင် Deepsikha Jain ကတော့ လတ်တလောမှာ ဒီအတွဲကို စားရတာ သဘောကျနေတယ်လို့ ဆိုပါတယ်။

■ Cheese မှာ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပြီး Dark Chocolate မှာတော့ Antioxidants နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

■ ဒီနှစ်မျိုးကို တွဲစားပေးခြင်းက အာဟာရဓာတ်တွေကို မျှတစွာ ရရှိစေနိုင်သလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာလည်း အထောက်အကူဖြစ်နိုင်တယ်လို့ အာဟာရပညာရှင်က ရှင်းပြထားပါတယ်။

■ Dark Chocolate စားတဲ့အခါ သတိထားသင့်တာ

■ Dark Chocolate မှာ အာဟာရဓာတ်ကောင်းတွေ ပါဝင်ပေမဲ့ အလွန်အကျွံစားသုံးတာမျိုးတော့ မလုပ်သင့်ပါဘူး။

■ Cocoa ပါဝင်မှုများပြီး သကြားနည်းတဲ့ Dark Chocolate ကို ရွေးချယ်ပါ။

■ တစ်ခါစားရင် ပမာဏအနည်းငယ်သာ စားပါ။

■ သကြားနဲ့ ကယ်လိုရီများတဲ့ အတွဲအဖက်တွေကို ရှောင်ပါ။

■ ကော်ဖီမှာ Caffeine ပါဝင်တာကြောင့် အိပ်ခါနီးအချိန်မှာ မသောက်တာ ပိုကောင်းပါတယ်။

■ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံဆိုတာ အစားအစာတစ်မျိုးတည်းကို အားကိုးနေတာထက် အာဟာရမျှတတဲ့ အစားအစာတွေကို သင့်တင့်တဲ့ပမာဏနဲ့ တွဲဖက်စားသုံးပေးဖို့ပါပဲ။

■ Dark Chocolate လေးစားချင်တဲ့အခါ Blueberries၊ Almonds ဒါမှမဟုတ် Cheese တို့နဲ့ တွဲစားကြည့်နိုင်ပါတယ်။ 

Source-NDTV