#World_Health
Published 12 October 2026

■ American Heart Association - AHA ရဲ့ နောက်ဆုံးလေ့လာသုံးသပ်ချက်အရ သာမန်လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ အထိ သောက်သုံးပေးတာဟာ ဘေးကင်းမှုရှိတယ်လို့ သိရပါတယ်။

■ "ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်" လို့ သုတေသီ Dr. Gregory M. Marcus က ပြောပါတယ်။

■ "သကြားနဲ့ တခြားဖြည့်စွက်စာတွေ မပါတဲ့ ကော်ဖီကို တစ်နေ့ ၅ ခွက်အထိ (ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ ခန့်) သောက်ပေးတာဟာ စိတ်ချရပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကိုလည်း မမြင့်တက်စေပါဘူး။"

■ လေ့လာမှုတွေအရ ကော်ဖီကို သင့်တော်ရုံ သောက်သုံးပေးတာဟာ နှလုံးပျက်စီးမှု၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

■ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီရော ကဖိန်းဓာတ်ထုတ်ထားတဲ့ ကော်ဖီ နှစ်မျိုးလုံးမှာ အကျိုးကျေးဇူးတွေရှိတာမို့ ကဖိန်းဓာတ်အပြင် တခြား အာဟာရဓာတ်ပေါင်းတွေ (ဥပမာ- Polyphenols) ကလည်း ကျန်းမာရေးကို အထောက်အကူပြုနေတာဖြစ်နိုင်ပါတယ်။

■ ဒါပေမဲ့ သွေးတွင်း ကို လက်စထရော မြှင့်တင်ပေးနိုင်တဲ့ သဘာဝအဆီဓာတ် (Cafestol) မပါဝင်အောင် စစ်ထုတ်ထားတဲ့ စစ်ထုတ်ကော်ဖီ (Filtered Coffee) ကို သောက်သုံးတာကပိုမိုသင့်တော်ပါတယ်။

■ အသက်အရွယ်၊ မျိုးဗီဇနဲ့ ခန္ဓာကိုယ်ရဲ့ အစားအစာခြေဖျက်နှုန်းပေါ် မူတည်ပြီး ကဖိန်းဓာတ် တုံ့ပြန်ပုံခြင်း မတူတာကြောင့် မိမိနဲ့ သင့်တော်မယ့် ပမာဏကိုတော့ သတိထားဖို့ လိုပါတယ်။

■ ဒါ့ပြင် ကဖိန်းဓာတ် ပမာဏအများကြီးပါဝင်တဲ့ စွမ်းအားဖြည့်အချိုရည်တွေ (Energy Drinks) ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

■ အဲဒီလို အချိုရည်တွေဟာ သွေးတိုးစေပြီး နှလုံးခုန် မမှန်တာမျိုးတွေကို ဖြစ်စေနိုင်တာကြောင့် လူငယ်တွေမှာပါ နှလုံးကို ဝန်ပိစေနိုင်တယ်လို့ သုတေသနက သတိပေးထားပါတယ်။

Source- TORONTO SUN