#World_Health
Published 13 October 2026

■ Stanford တက္ကသိုလ်ရဲ့ ဒီအောင်မြင်မှုကြီးဟာ ပျက်စီးတတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါဆိုးတွေအတွက် သုတေသနလမ်းသစ်တွေ ပွင့်လာစေနိုင်ပါတယ်။

■ သုတေသနအသစ်တွေအရ လူ့ဦးနှောက်ဟာ အစိတ်အပိုင်းတစ်ခုတည်း မဟုတ်ဘဲ၊ အရင်က သီးခြားစီ တည်ရှိခဲ့ကြပြီးမှ နောက်ပိုင်းမှ ပေါင်းစပ်သွားခဲ့ကြတဲ့ သီးခြားစနစ် နှစ်ခုဖြစ်တယ်လို့ သိရပါတယ်။

■ ဓာတ်ခွဲခန်းမှာ ဦးနှောက်ပင်မဆဲလ်  တွေကို  ကြီးထွားလာအောင် လုပ်ဖို့ အလွန်ခက်ခဲပေမဲ့ ဦးနှောက်အရှေ့ပိုင်းက ဆဲလ်တွေကိုတော့ လွယ်လွယ်ကူကူ ကြီးထွားအောင် လုပ်နိုင်နေတဲ့ နှစ်ရှည်လများ ဖြစ်နေတဲ့ ဓာတ်ခွဲခန်း ပဟေဠိကို ဖြေရှင်းဖို့ ကြိုးစားရင်းကနေ Stanford တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဒီတွေ့ရှိမှုကိုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

■ ဦးနှောက်က အစောဆုံးအဆင့်တွေမှာ ဘယ်လိုပုံစံ ဖြစ်ပေါ်လာသလဲဆိုတာကို လေ့လာခြင်းအားဖြင့် ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ နောက်ပိုင်း အပိုင်းနှစ်ခုဟာ လုံးဝကွဲပြားခြားနားတဲ့ ဆဲလ်အစပြုပစ္စည်းတွေကနေ စတင်ဖြစ်ပေါ်လာတာကို သုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

■ ဦးနှောက်တစ်ခုလုံးဟာ ပင်မမိခင်ဆဲလ်တစ်ခုတည်းကနေ ဖြစ်ထွန်းလာတယ်လို့ အရင်က ယူဆထားခဲ့ကြတာပါ။

■ ဒါပေမဲ့ ဆဲလ်အစုအဝေးလေးတွေကနေ ကိုယ်ခန္ဓာ တည်ဆောက်ပုံအစစ်အမှန်တွေအဖြစ် စတင်ဖွဲ့စည်းတဲ့ အရေးပါတဲ့ ဖွံ့ဖြိုးမှုအဆင့်ဖြစ်တဲ့ သန္ဓေသားလောင်းတွေရဲ့ အစောပိုင်းအခြေအနေ ကို လေ့လာခြင်းအားဖြင့် Stanford အဖွဲ့ဟာ ကွဲပြားခြားနားတဲ့ ဆဲလ်အုပ်စု နှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

■ ဆဲလ်အုပ်စု တစ်ခုက ဦးနှောက်အရှေ့ပိုင်းကို ဖြစ်ပေါ်စေဖို့အတွက် သီးသန့်ချိတ်ဆက်ထားပြီး၊ နောက်တစ်ခုကတော့ ဦးနှောက်နောက်ပိုင်းကို ဖန်တီးဖို့ သီးသန့်တာဝန်ယူထားပါတယ်။

■ နောက်ထပ် လေ့လာချက်တွေအရ ဒီအုပ်စုနှစ်ခုအတွင်းက မျိုးရိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေဟာ လုံးဝကွဲပြားတဲ့ ပုံစံတွေနဲ့ တည်ဆောက်ထားပြီး ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ သီးခြားလမ်းကြောင်းတွေပေါ်မှာ တည်ရှိနေကြတယ်ဆိုတာကိုပြသနေပါတယ်။

■ "ဦးနှောက်ကို အစိတ်အပိုင်းတစ်ခုတည်းအဖြစ် ရှိနေစေတာက ပိုပြီး စွမ်းဆောင်ရည်ကောင်းနိုင်ပေမဲ့၊ ကျွန်တော်တို့က ဦးနှောက်ကို အပိုင်းနှစ်ပိုင်းအဖြစ် ဖန်တီးဖို့အတွက် ဒီရှေးဦးဆန်တဲ့ နည်းလမ်းကိုပဲ အားကိုးနေရဆဲ ဖြစ်ပါတယ်" လို့ ဖွံ့ဖြိုးမှုဇီဝဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ Dr Kyle Loh က ပြောပါတယ်။

■ ရှေးခေတ် ဆင့်ကဲဖြစ်စဉ်တွေမှာ ဒီစနစ်နှစ်ခုဟာ ပထမဦးပိုင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သီးခြားနေရာတွေမှာ ရှိခဲ့ကြတယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ ဒါဟာ jellyfish တွေမှာ ခန္ဓာကိုယ်အနှံ့ အာရုံကြောကွန်ရက်တွေ သီးခြားစီရှိနေတာနဲ့ဆင်တူပါတယ်။

■ ခေါင်းခွံရဲ့ အခြေမှာ တည်ရှိတဲ့ ဦးနှောက်နောက်ပိုင်း ဟာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ အိပ်စက်ခြင်းစတဲ့ အသက်ရှင်ရပ်တည်ရေး လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ထိန်းချုပ်ရေးစဟ်ု အဖြစ် လုပ်ဆောင်ပါတယ်။

■ ဦးနှောက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်း (midbrain and forebrain) ကတော့ ဘာသာစကား၊ ယုတ္တိဗေဒနဲ့ စိတ္တဇ ဆင်ခြင်တုံတရား စတဲ့ မြင့်မားတဲ့ တွေးခေါ်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ပေးပါတယ်။

■ သီးခြားဆင်းသက်လာကြပေမဲ့ ဒီစနစ်နှစ်ခုဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် ချောမွေ့စွာပေါင်းစပ်လုပ်ဆောင်ကြပါတယ်။

■ Nature Neuroscience ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီတွေ့ရှိချက်တွေဟာ ဆေးဘက်ဆိုင်ရာ သုတေသနအတွက် အဓိက အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။

Source- The Independent