#World_Health
Published 24 August 2025
▪️ ယခုနှစ်အတွင်း အမေရိကန် ၆၇,၄၀၀ ခန့်မှာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ပြီး ၅၂,၀၀၀ နီးပါး သေဆုံးနိုင်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ခန့်မှန်းလိုက်ပါတယ်။
▪️ ဒီရောဂါက ပန်ကရိယအတွင်းမှာ ဆဲလ်ပုံမှန်မဟုတ် ကြီးထွားရာကနေ ဖြစ်လာတာပါ။
▪️ အသက်ဆုံးရှုံးနိုင်ခြေအများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပြီး ရောဂါတွေ့ပြီးနောက် ၁၃ ရာခိုင်နှုန်းသော လူနာတွေကပဲ ၅ နှစ်အထိ အသက်ရှင်ပါတယ်။
▪️ ပန်ကရိယအင်္ဂါက ဝမ်းဗိုက်ထဲမှာ ပုန်းကွယ်တည်ရှိကာ အစောပိုင်းလက္ခဏာအနေနဲ့ ခါးနာခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်တတ်ကြောင်း ယူစီဆန်ဒီယေဂိုကျန်းမာရေးမှ ကင်ဆာဌာနညွှန်ကြားရေးမှူး ဒေါက်တာဒိုင်ယန်းဆီမြွန်က ပြောပါတယ်။
▪️ အသားနဲ့ မျက်လုံးအဖြူသား ဝါခြင်းတို့က ရောဂါလက္ခဏာဖြစ်ပါတယ်။
▪️ အသားဝါခြင်းက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ ကျောက်တည်ခြင်းစတဲ့ အသည်းပြဿနာများ ဖြစ်နေနိုင်ပါတယ်။
▪️ MRI ၊ CT စကင်၊ အာထရာဆောင်း၊ CA 19-9 တို့လို သွေးစစ်ဆေးချက်များဖြင့် ရောဂါစစ်ဆေးရှာဖွေနိုင်ပါတယ်။
▪️ PRECEDE အဖွဲ့အစည်းက ပန်ကရိယကင်ဆာ စောစီးစွာ တွေ့ရှိနိုင်ဖို့နဲ့ ၅ နှစ်တာ အသက်ရှင်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
▪️ ကုသနည်းများအနေဖြင့် ခွဲစိတ်မှု၊ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကိုယ်ခံအားမြှင့်တင်ခြင်း ရရှိနိုင်ပါတယ်။
Source: New York Post